Social Icons

Pages

Monday, November 28, 2016

သံလွင်တံတား (ချောင်းဆုံ) ကို ၂၀၁၇ ခုနှစ် မတ်လအတွင်း စတင်အသုံးပြုနိုင်ရန် တည်ဆောက်လျက်ရှိ



မော်လမြိုင် ၊ ၂၈-၁၁-၂၀၁၆

မွန်ပြည်နယ် မော်လမြိုင်မြို့မှ ချောင်းဆုံမြို့နယ် ဘီလူးကျွန်းသို့ ဆက်သွယ်သည့် သံလွင်တံတား (ချောင်းဆုံ)ကို ၂ဝ၁၇ ခုနှစ် မတ်လအတွင်း အသုံးပြုနိုင်ရန် တည်ဆောက်လျက် ရှိကြောင်း တံတား တည်ဆောက်ရေး စီမံကိန်းအဖွဲ့ (၄) ညွှန်ကြားရေးမှူး ထံမှ သိရသည်။

အဆိုပါတံတားကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ၆၉ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ် သည်။

တံတားအရှည်မှာ ၅၂ဝ၃ ဒသမ ၄ ပေ ရှိပြီး တံတားချဉ်းကပ် လမ်းသည် မော်လမြိုင် ဘက်ကမ်း၌ ၇၅၇ ပေနှင့် ချောင်းဆုံဘက် ကမ်း၌ ၁၆၉၈ဝ ပေရှိပြီး စုစုပေါင်း ချဉ်းကပ်လမ်း အရှည် ၁၇၇၃၇ ပေဖြစ်သည်။ တံတား အမျိုးအစား သည် တံတားအုတ်မြစ်နှင့် အောက်ထည် သံကူကွန်ကရစ် ဖြစ်ပြီး တံတား အပေါ်ပိုင်းသည် သံမဏိသံပေါင် ခုံးတံတား ဖြစ်ကြောင်း၊ တံတားသံပေါင် များကို ဂျပန်နိုင်ငံ၏ နည်းပညာဖြင့် ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင် အသုံးပြုခြင်း ဖြစ်ကြောင်း သိရသည်။

သံလွင်တံတား (ချောင်းဆုံ) ၌ အကျယ် ၂၈ ပေရှိသော နှစ်လမ်းသွား ကားလမ်းပါဝင်မည် ဖြစ်ပြီး ဘေးတစ်ဖက်စီ ၌ လူသွားလမ်း အကျယ် တစ်ဖက်လျှင် ၃ ပေ ၃ လက်မ၊ ရေလမ်း ကင်းလွတ်အကျယ် ၄၂၆ ပေနှင့်
ရေလမ်းကင်းလွတ် အမြင့် ၄၆ ပေရှိကြောင်း၊ လက်ရှိတွင် လွန်းထိုးစနစ်ဖြင့် တည်ဆောက် နေပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းဝေး စေရေးအတွက် အထူးအလေးထား ဆောင်ရွက်ကာ သတ်မှတ်ချိန် အတွင်း ပြီးစီးနိုင်ရေး မျှော်မှန်း ထားကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...