Social Icons

Pages

Tuesday, November 8, 2016

မောင်တောမြို့နယ် အတွင်းမှ မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုးနှစ်ဦး ထပ်မံဖမ်းဆီးရမိ




နေပြည်တော် ၊ ၈-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် ၇ နာရီခန့်တွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ အဖြစ်မှန် ပေါ်ပေါက်စေရေး ဖားဝပ်ချောင်း ကျေးရွာ (ရွာဟောင်း)သို့ သွားရောက် စုံစမ်း ရှာဖွေစဉ် ၄င်းကျေးရွာနေ မသင်္ကာဖွယ် ဘင်္ဂါလီ ဖော်ရာအာမတ် (ဘ) မာမတ်ရှောဖီ နှင့် မာမတ်တာဟဲ (ဘ) ဆာလောင်အာမတ် တို့နှစ်ဦးအား ထပ်မံဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသူ ဘင်္ဂါလီနှစ်ဦး အား တရားဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး အတွက် မောင်တောမြို့ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...