Social Icons

Pages

Tuesday, November 29, 2016

အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်နိုင်သည့် မသင်္ကာသူ ၁၁ ဦး ဖမ်းဆီးရမိ


အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်နိုင်သည့် မသင်္ကာသူများကို တွေ့ရစဉ်


နေပြည်တော် ၊ ၂၉-၁၁-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း အောက်တိုဘာ ၉ ရက် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်နှင့် နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် နိုင်သည့် မသင်္ကာသူ ၁၁ ဦးအား နိုဝင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် မောင်တော မြို့နယ်ရှိ ကျေးရွာတို့မှ ဖမ်းဆီးရမိ ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင် များသည် မောင်တောမြို့နယ် အတွင်း နယ်မြေ ရှင်းလင်းစဉ် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက် နိုင်သည့် မသင်္ကာသူများ ဖြစ်ကြသော မျောချောင်းကျေးရွာမှ တစ်ဦးအား နိုဝင်ဘာ ၂၆ ရက် မွန်းတည့် ၁၂ နာရီတွင် လည်းကောင်း၊ ဝါးပိတ်ကျေးရွာ မှနှစ်ဦး၊ မျောတောင် ကျေးရွာ၊ ရွက်ညိုတောင် ကျေးရွာ၊ ဗောဓိပြင် ကျေးရွာ၊ ဇင်ပိုင်ညာ ကျေးရွာနှင့် သူဦးလာကျေးရွာ တို့ မှ တစ်ဦးစီဖြင့် ပေါင်းငါးဦးအား နိုဝင်ဘာ ၂၇ ရက်နံနက်ပိုင်း က လည်းကောင်း၊ ရွှေဇားအလယ် ကျေးရွာမှ တစ်ဦးအား နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက လည်းကောင်း၊ မဲတီကျေးရွာမှ နှစ်ဦးအား နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက လည်းကောင်း စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။ 

ဖမ်းဆီးရမိသူ များအား လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက် အရေးယူနိုင်ရန် သက်ဆိုင်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...