Social Icons

Pages

Friday, October 7, 2016

ပြည်တွင်း၌ အသုံးပြုမည့်မော်တော်ယာဉ် တင်သွင်းမှုနည်းလမ်းသစ်ကို ယခုလအတွင်း ရွေးချယ်မည်



ရန်ကုန် ၊ ၇-၁၀-၂၀၁၆

မော်တော်ယာဉ် အပ်ကားများ ရှားပါးလာ ခြင်းကြောင့် ယာဉ်အို ယာဉ်ဟောင်း အစားထိုး တင်သွင်းခွင့် စာရွက်(စလစ်) ဈေးမြင့်တက် လာမှု အပါအဝင် ကာလရှည် ရပ်နားထားသည့် ရန်ကုန်လိုင်စင်ဖြင့် မော်တော်ယာဉ် တင်သွင်းမှုကို ပြန်လည် လုပ်ကိုင်နိုင်ရန် မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှု အသင်းမှ လက်ရှိအသုံးပြု နေသည့် မော်တော်ယာဉ် တင်သွင်းမှု နည်းလမ်းများ အစား နည်းလမ်းသစ် ရွေးချယ် အသုံးပြုနိုင် ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ တင်ပြထားရာ ယခုလအတွင်း ယင်း ဝန်ကြီးဌာနက ရွေးချယ်သွားမည် ဖြစ်ကြောင်း အသင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''အပ်ကား ရှားလာတာကြောင့် စလစ်ဈေး တွေက တစ်နေ့ထက် တစ်နေ့ အဆမတန် တက်လာပါတယ်။ စလစ်ဈေး တက်လာတာနဲ့ အမျှ ကားဈေးတွေလည်း လိုက်တက် နေပါတယ်။ ဒီလို အနေအထားကို ထိန်းချုပ် နိုင်ဖို့ဆိုတာက ကားတင်သွင်းခွင့် နည်းလမ်း ပြောင်းလဲပြီး ပြည်ပက ကားတွေ ပြည်တွင်းကို ရောက်လာမှသာ ပြေလည် သွားမှာပါ။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနကလည်း တွေ့ကြုံ နေရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဒီလအတွင်း ကားတင်သွင်းမှု နည်းလမ်းအသစ်ကို ရွေးချယ် သွားမှာပါ'' ဟု ၄င်းက ပြောသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ရွေးချယ်ပြီးမှသာ နည်းလမ်းသစ်ကို ပြည်တွင်းမှ မော်တော်ယာဉ် တင်သွင်းခွင့်နှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများ အားလုံး ပူးပေါင်းသုံးသပ် အတည်ပြုပြီး ယင်း နည်းလမ်းကို စတင်အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ၂ဝ၁၅ ခုနှစ်မတိုင်မီ က တင်သွင်းခဲ့သည့် မော်တော်ယာဉ် များကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား မှတ်ပုံတင်ရန် ညွှန်ကြားထားရာ ယင်း မော်တော်ယာဉ်များ မှတ်ပုံတင်ရန် စလစ်များ လိုအပ်နေပြီး စလစ်ဈေးနှုန်းများ မြင့်တက် လာခြင်း ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...