Social Icons

Pages

Saturday, October 29, 2016

နတ်မြစ်အတွင်း မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုး သုံးဦး ထပ်မံဖမ်းဆီးရမိ



နေပြည်တော် ၊ ၂၉-၁၀-၂၀၁၆

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနယ်မြေ များအတွင်းသို့ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများ ထပ်မံ ဝင်ရောက်မှု မရှိစေရေး အတွက် နတ်မြစ်အတွင်း တပ်မတော်(ရေ)မှ တပ်မတော်သား များက တိုက်ကင်း လှည့်လည် ဆောင်ရွက်စဉ် အောက်တိုဘာ ၂၇ ရက် ညနေ ၅ နာရီ ၂ဝ မိနစ်ခန့်တွင် တံချောင်းနှင့် ထန်းချောင်းကြား ရေလယ်ကျွန်း အနီး၌ တစ်ဖက်နိုင်ငံသို့ ရေကူးသွား နေသည့် မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုး အမျိုးသား သုံးဦးကို တွေ့ရှိသဖြင့် ခေါ်ယူရာ လာရောက်ခြင်း မရှိဘဲ မိမိနိုင်ငံ ဘက်ကမ်းသို့ ပြန်လှည့်ပြီး ထွက်ပြေးရန် ကြိုးစားသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ မောင်တော မြို့နယ်၊ လိပ်ရကျေးရွာ (အလယ်)နေ အာဘူးရှားမား (ဘ) အဒူလာလီ၊ အာလီဇော်ဟက် (ဘ) အီစမိုင်း နှင့် ရှာခွန်းသာလီ (ဘ) အာဆီဇော်ဟပ် တို့ သုံးဦးတို့ကို ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုး သုံးဦးအား လိုအပ်သလို အရေးယူ ဆောင်ရွက်နိုင်ရေး အတွက် မောင်တော မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းပေး ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...