Social Icons

Pages

Monday, October 3, 2016

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့နေသည့်နိုင်ငံများ အနက် တရုတ်နိုင်ငံသို့ ၈၀ ရာခိုင်နှုန်းကျော် တင်ပို့နေရ



ရန်ကုန် ၊ ၃-၁၀-၂၀၁၆

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့နေသည့် နိုင်ငံများအနက် တရုတ်နိုင်ငံ တစ်နိုင်ငံတည်း သို့ ၈ဝ ရာခိုင်နှုန်းကျော် တင်ပို့ နေရကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင် ထံမှ သိရသည်။

တရုတ်နိုင်ငံကို ရေရှည် အားကိုးကာ ဆန်တင်ပို့ နေရသည့် အခြေအနေက ရုန်းထွက်ရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း ဦးရဲမင်းအောင် က ပြောသည်။

ဆန်ဝယ်ယူရန် တရုတ်နိုင်ငံ၏ ကမ်းလှမ်းမှု အပေါ် မြန်မာနိုင်ငံက တရားဝင် တင်ပို့ခဲ့ သော်လည်း တရုတ်နိုင်ငံမှ တရားဝင် တင်သွင်းခွင့်ပြုခြင်း မဟုတ်ဘဲ နယ်စပ် အရောက်တွင် ဖမ်းဆီးခြင်းများ ရှိသဖြင့် ဈေးကွက် တည်ငြိမ်မှု မရှိသည့်အပြင် ယင်း ဈေးကွက် တစ်ခုတည်း အပေါ် မှီခိုရခြင်းသည် အန္တရာယ်များသော အခြေအနေ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုသည် တစ်နှစ်လျှင် တန်ချိန် ၁ ဒသမ ၅ သန်းရှိပြီး တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရန် ဆောင်ရွက် နေကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ ရောင်းချရာတွင် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အတွင်း နိုင်ငံပေါင်း ၆၄ နိုင်ငံသို့ တင်ပို့နိုင်သည့် အတွက် မျှော်မှန်းထားသည့် ပြည်ပဆန် တင်ပို့မှု လျာထားချက်ကို ကျော်လွန် ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...