Social Icons

Pages

Monday, October 3, 2016

တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ စခန်းချလေ့ကျင့်နေမှု အား သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြား


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ၀င်းဗိုလ်ရှိန် 
တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ ၊ ဆရာမ ၊ ကျောင်းသား ၊ ကျောင်းသူ များနှင့် 
သင်တန်းနည်းပြ အရာရှိ ၊ စစ်သည်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၃-၁၀-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့နယ်ရှိ နယ်မြေခံ သင်တန်းကျောင်းတွင် လေ့ကျင့်သင်ကြား ပေးလျက်ရှိသော ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ စခန်းချ လေ့ကျင့်နေမှု အခြေအနေ များအား ယမန်နေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ၀င်းဗိုလ်ရှိန် နှင့် တာဝန်ရှိသူ များက သွားရောက် ကြည့်ရှုသည်။

ဦးစွာ တိုင်းမှူးက သင်တန်း တက်ရောက်နေသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် သင်တန်းနည်းပြ အရာရှိ၊ စစ်သည်များအား သင်တန်းကျောင်းရှိ အောင်ချမ်းသာ ခန်းမ၌ တွေ့ဆုံ၍ ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားသည်။

ထို့နောက် သင်တန်းကာလ အတွင်း အဆင်ပြေစွာ နေထိုင်လေ့ကျင့်  နိုင်ရေးအတွက် သင်တန်းသား အိပ်ဆောင်များ၊ စားရိပ်သာများနှင့် ဆေးပေးခန်းများ စီစဉ်ထားရှိမှု အခြေအနေ များနှင့် သောက်သုံးရေ ရရှိမှု အခြေအနေ တို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...