Social Icons

Pages

Friday, October 28, 2016

မောင်တောဒေသအတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သူများအား ထပ်မံဖမ်းဆီးရမိ


ထပ်မံဖမ်းဆီးရမိသည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူများကို တွေ့ရစဉ်



နေပြည်တော် ၊ ၂၈-၁၀-၂၀၁၆

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်း သည် ယမန်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် ငါးစာကြူး ကျေးရွာ အတွင်းမှ မသင်္ကာဖွယ် လှုပ်ရှားမှုများ တွေ့ရှိ သဖြင့် ၀င်ရောက် ရှင်းလင်းရာ ပြောင်ပိုက်ကျေးရွာ အနီး တပ်မတော် စစ်ကြောင်းနှင့် ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ ဖြစ်သည့် အာကူဟာလောင် (ဘ) မာမွတ်ရှော်ဖီ ၊ ခါမားဟူဆေး (ဘ) ဘော်ဒူဇာဟာ ၊ အာဘူအာလောင် (ဘ) ဘဆွန်းဘာလီ ၊ ဇာရွတ်အာလောင် (ဘ) ဆော်လီဟူဆောင်း ၊ ဟာဘူအူးဆောင်း (ဘ) ဘဆွန်းဘာလီ ၊ ဂျူရာလောင် (ဘ) နော်ဇီရာမောက် နှင့် အာဘူဘော်ရှော (ဘ) နော်ဇီရာမောက် ရှစ်ဦးတို့ကို ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ ရှစ်ဦးကို အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ် (ကျီးကန်းပြင်) သို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့သည်။

အလားတူ အောက်တိုဘာ ၁၇ ရက်တွင် ဖမ်းဆိးရမိခဲ့သည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ တစ်ဦး၏ ထွက်ဆိုချက်အရ တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုတွင် ပါဝင် ခဲ့သူများအား လိုက်လံ ဖော်ထုတ် ရှင်းလင်းရာ ယမန်နေ့ နံနက် ၇ နာရီတွင် ကျောင်းတောင် ကျေးရွာ ရှိ အဒူလာ (ဘ) ဆူတာအာမတ် အား ၄င်း၏နေအိမ်၌ လည်းကောင်း ၊ နံနက် ၁၀ နာရီ အချိန်တွင် ကြက်မောက်တောင် အနောက်ရွာနေ ဆွေတာမောက် (ဘ) ဖေရင် အား ၄င်း၏နေအိမ်၌ လည်းကောင်း အသီးသီး ထပ်မံ ဖမ်းဆီးရမိ ခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းများသို့ စနစ်တကျ လွှ့ပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...