Social Icons

Pages

Monday, October 3, 2016

မြန်မာနိုင်ငံ၌ ဒေါင်းအကောင်ရေ လျော့ကျမှုများ ဖြစ်ပေါ်နေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာသမဂ္ဂက ထုတ်ပြန်


grey burmese peacock

ရန်ကုန် ၊ ၃-၁၀-၂၀၁၆

မြန်မာနိုင်ငံ၌ ဒေါင်းကောင်ရေ လျော့ကျမှုများ ဖြစ်ပေါ်နေ ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ နိုင်ငံတကာ သမဂ္ဂက သတင်းထုတ်ပြန် ထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌ ဒေါင်းများကို ဦးစားပေး ထိန်းသိမ်းမှုများ ပြုလုပ်ရန် လိုအပ်လျက် ရှိကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ နိုင်ငံတကာ သမဂ္ဂ၏ မျိုးသုဉ်း ပျောက်ကွယ် နိုင်သော တောရိုင်း တိရစ္ဆာန်များ စာရင်းတွင် ဒေါင်းများမှာ အနီရောင် အဆင့် သတ်မှတ်ထား သည့် အခြေအနေမျိုး ရှိနေကြောင်း သိရသည်။

လက်ရှိတွင် ကမ္ဘာပေါ်၌ ဒေါင်း အကောင်ရေ အများဆုံး ကျန်ရှိနေသည့် ဒေသများမှာ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ လာအိုနိုင်ငံ တောင်ပိုင်း ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နှင့် အင်ဒိုနီးရှား နိုင်ငံ ဂျာဗားကျွန်း နှင့် အိန္ဒိယနိုင်ငံ တို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ နိုင်ငံတကာသမဂ္ဂ က ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက်တွင် သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဒေါင်းများကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေများဖြင့် ကာကွယ် စောင့်ရှောက်လျက် ရှိသည် ဟု သတင်းထုတ်ပြန် ထားသော်လည်း ကျေးလက်ဒေသ များ၌ ဒေါင်းများကို အလွယ်တကူ ဖမ်းဆီးသတ်ဖြတ် မှုများ ပြုလုပ်လျက်ရှိ ကြောင်း၊ ပြီးခဲ့သည့်နှစ်များ အတွင်း မြန်မာနိုင်ငံ၌ ဒေါင်း အကောင်ရေ လျော့ကျ သွားခဲ့ခြင်း ကြောင့် ဦးစားပေး ထိန်းသိမ်းရန် လိုအပ်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...