Social Icons

Pages

Friday, September 23, 2016

ရွှေတိဂုံစေတီတော် ၌ Mobile Payment စနစ်ဖြင့် အလှူငွေထည့်ဝင် လှူဒါန်းနိုင်



ရန်ကုန် ၊ ၂၃-၉-၂၀၁၆

ဟန်းဖုန်းများတွင် Application ထည့်သွင်း လုပ်ဆောင်ရသော Mobile Payment စနစ်ဖြင့် အလှူငွေ လှူဒါန်းမှုကို ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်၌ ဆောင်ရွက် နိုင်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

အဆိုပါစနစ် အတွက် Application ဖန်တီးမှုကို In Mai Kha Technologies Co., Ltd. က စီစဉ်ကာ လှူဒါန်းထားခြင်း ဖြစ်ပြီး ယင်းကဲ့သို့ အလှူငွေလှူဒါန်း နိုင်ကြောင်း လာရောက်ကြသော ဘုရားဖူး ဧည့်သည်များ နှင့် အများပြည်သူ သိရှိစေရန် စေတီတော် ရင်ပြင်ပေါ်၌ အသိပေး ထားသည်။

ထိုစနစ် အသုံးပြုရန် Mobile Payment နှင့်သက်ဆိုင်သည့် Application တစ်ခုကို မိုဘိုင်းလ်ဖုန်း အတွင်းသို့ ထည့်သွင်းထား ရမည်ဖြစ်ပြီး ယင်း Application မှတစ်ဆင့် မိမိ လှူဒါန်းလိုသော ငွေပမာဏကို လွှဲပြောင်း လှူဒါန်းနိုင်မည် ဖြစ်သည်။

'' Digital Money ရှိရင် Mobile Payment နဲ့ ကိုယ်လိုအပ်တဲ့ ငွေပမာဏကို Top-up (ကြိုတင်ငွေ ဖြည့်သွင်းခြင်း စနစ်) လုပ်ထားလို့ ရတယ်'' ဟု OK Dollar ကုမ္ပဏီမှ သင်တန်းနည်းပြ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့၏ ကျက်သရေဆောင် ဖြစ်သော ရွှေတိဂုံ စေတီတော်၌ Mobile Payment  စနစ်ဖြင့် အလှူငွေ လှူဒါန်းနိုင်ရန် ဝန်ဆောင်ပေးမှုကို ယခုလမှသာ စတင် ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး Red Link က လှူဒါန်းထားသော WiFi free ပေးထားသည့် စနစ်တွင်လည်း Connection ပိုမိုကောင်းမွန် စေရန် အဆင့်မြှင့်တင် ထားကြောင်း ဂေါပက အဖွဲ့မှ သိရသည်။

''ဒီစနစ်တွေ ရန်ကုန်မှာ တဖြည်းဖြည်းနဲ့ တွင်ကျယ်လာတော့ မှာပါ။ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တွေ ကလည်း နှစ်သက်မှုရှိ လာကြတယ်။ ပြည်တွင်းမှာလည်း သုံးစွဲ လာကြပါတယ်။ အခုလို စေတီတော် တွေမှာ စီစဉ်ပေး ထားတော့ အလှူခံပုံး တွေကို ထိန်းသိမ်း စောင့်ရှောက်ရတဲ့ တာဝန်တွေ လျော့ပါး လာစေသလို အချိန်ကုန် သက်သာစေပြီး အများကြီး အကျိုးပြု စေပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ရွှေတိဂုံ စေတီတော်သို့ သြဂုတ်လ တစ်လအတွင်း ကမ္ဘာလှည့် ခရီးသွား ဧည့်သည် ၃၇၆၆၉ ဦး လာရောက်ဖူးမြော် ခဲ့ကာ တစ်ရက်ပျမ်းမျှ လာရောက်မှု ၁၂၁၅ ဦးရှိ၍ ဧည့်ဝင်ကြေး ငွေကျပ် ၃ဝ၁၃ဝ၄ဝဝဝ နှင့် အမေရိကန် ဒေါ်လာ ၄၈ ဒေါ်လာ ကောက်ခံရရှိ ခဲ့ကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...