Social Icons

Pages

Monday, September 19, 2016

ပြည်တွင်း၌ ဒရုန်းအသုံးပြုမှုဆိုင်ရာ အမိန့်ထုတ်ပြန်ချက် ကို ၂၀၁၇ ခုနှစ်တွင် ထွက်နိုင်ရန်စီစဉ်



ရန်ကုန် ၊ ၁၉-၉-၂၀၁၆

မြန်မာနိုင်ငံ အတွင်း မောင်းသူမဲ့ လေယာဉ်၊ ရဟတ်ယာဉ် များကို အလေးချိန်နှင့် စွမ်းဆောင်မှု  အပေါ်မူတည်၍ ခွဲခြား သတ်မှတ်ပြီး စနစ်တကျ မှတ်ပုံတင်ခြင်း၊ စီးပွားရေး လုပ်ငန်း အသုံးပြုခွင့် လက်မှတ် ထုတ်ပေးခြင်း နှင့် မြေပြင်မှ ထိန်းချုပ် မောင်းနှင်သူ များကို စိစစ်ခြင်း စသည့် ဒရုန်း အသုံးပြုမှု ဆိုင်ရာ အမိန့် ထုတ်ပြန်ချက်ကို ၂ဝ၁၇ ခုနှစ်တွင် ထွက်ရှိနိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဖြိုးအောင် ကျော်အေး ထံမှ သိရသည်။

''အပြည်ပြည် ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ် (ICAO) ရဲ့ သတ်မှတ် စံနှုန်းတွေ နဲ့အညီ ဆောင်ရွက်ဖို့ ကျန်ရှိနေသေး တာကြောင့် လာမယ့်နှစ်မှာ ထွက်ရှိနိုင်ဖို့ ခန့်မှန်း ထားပါတယ်။ လက်ရှိပြုစ ထားတဲ့ ဒရုန်း အသုံးပြုမှုဆိုင်ရာ မူကြမ်းကို နိုင်ငံတကာမှာ ရှိတဲ့ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်တွေ ကိုအခြေခံပြီး မြန်မာနိုင်ငံနဲ့ ကိုက်ညီမှုရှိအောင် ကဏ္ဍအလိုက် ရေးဆွဲပြုစု ထားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန တွေကနေ သဘောထားတွေ တောင်းခံထားပြီး ဖြစ်တယ်'' ဟု ဦးဖြိုးအောင်ကျော်အေး ကပြောသည်။

အဆိုပါ ဒရုန်း အသုံးပြုမှု ဆိုင်ရာ Advisory Circular (AC) မူကြမ်းတွင် အများပြည်သူ လုံခြုံ ဘေးကင်းမှုကို အထူး အလေးထား ရေးဆွဲပြီး မှတ်ပုံတင်ခြင်း အပါအဝင် ဒရုန်းအသုံးပြုမှု ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက် များကိုလည်း ထည့်သွင်း ရေးဆွဲထားသည်။ ထို့ပြင် စီးပွားရေး လုပ်ငန်းသုံး ဒရုန်းများ အတွက် ခွင့်ပြုချက် နှစ်မျိုးဖြင့် လုပ်ကိုင်ခွင့်ပြု သွားမည်ဖြစ်ပြီး ကောက်ခံမည့် နှုန်းထား များကိုလည်း ဌာနမှ ထုတ်ပြန်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...