Social Icons

Pages

Sunday, September 11, 2016

ရေနွေးဖြူ မှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ


ရေနွေးဖြူ မှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ

ပေါက်ပေါက်

ရေအသက်တစ်မနက် ဆိုသည့်အတိုင်း လူသားတို့အတွက် သောက်ရေသည် မရှိမဖြစ်အရာ ပေမို့ အရွယ်ရောက်ပြီး သူ တစ်ဦးအနေဖြင့် သောက်ရေသန့်ကို နေ့စဉ် ခုနစ်ခွက်မှ ရှစ်ခွက် သောက်ပေး သင့်ကြောင်း ကျန်းမာရေး သုတေသီများက မိန့်ဆိုထား ကြပါတယ်။ ထို့အတူ ရေနွေးဖြူ သို့မဟုတ် ရေကျက်အေး ကလည်း လူသားတို့၏ ဘက်စုံ ကျန်းမာရေးအပြင် အသားအရေ နှင့် ဆံပင်တို့အတွက် ကောင်းကျိုးပြုပုံကို ကျန်းမာရေး သုတေသီများက အောက်ပါအတိုင်း အကြံပေးထား ကြပါတယ်။

ရေနွေးဖြူနှင့် ဘက်စုံ ကျန်းမာရေး

(အဆိပ်အတောက်ပြေစေပါတယ်) ရေနွေး သောက်လိုက်တဲ့ အခါမှာ ခန္ဓာကိုယ် အပူချိန်ဟာ မြင့်တက်လာပြီး ကိုယ်တွင်းမှ အဆိပ်အတောက် တွေက ချွေးစေးအဖြစ် ထွက်ရှိ လာပါတယ်။ ဒါကြောင့် နံနက်စောစော တစ်ကြိမ်၊ ညအိပ်ရာဝင် ခါနီး တစ်ကြိမ် ရေနွေးဖြူ သောက်ခြင်းဖြင့် တစ်နေ့ နှစ်ကြိမ် အဆိပ်အတောက်တွေ ထုတ်ပေးသင့် ပါတယ်။ ရေနွေးဆူဆူ ထဲကို သံပရာရည် ညှစ်၍ ပျားရည် အနည်းငယ် ထည့်သောက် ပေးခြင်းက ပိုမိုထိရောက်မှု ဖြစ်စေပါတယ်။

(အူများကို ကောင်းစွာ အလုပ်လုပ် စေပါတယ်) ဝမ်းချုပ်သူများ အတွက် သတင်းကောင်း လေးပါ။ မကြာခဏ ဝမ်းချုပ်တတ် သူများအဖို့ အစာမစားခင် ရေနွေးပူပူ တစ်ခွက် သောက်ပေးခြင်းဖြင့် အစာအိမ် နှင့် အူသိမ်၊ အူမများကို ထိုရေနွေးပူက လှုံ့ဆော်ပေးတာ ကြောင့် အူလမ်းကြောင်း ပိတ်ဆို့မှု မရှိစေတော့ဘဲ သက်သက် သာသာဖြင့် ဝမ်းသွား စေနိုင်ပါတယ်။

(အစာကြေညက် လွယ်ပါတယ်) ထမင်းစားနေစဉ်နှင့် စားပြီးနောက်မှာ သောက်ရေအေး သောက်ခြင်းက အစာမကြေ နိုင်ပါဘူး။ ထို့ပြင် ထမင်းထဲရှိ ကစီဓာတ်နှင့် ဟင်းလျာများမှ ပါလာတဲ့ ဟင်းအဆီအနှစ် များသည် သောက်ရေအေးဖြင့် ဓာတ်ပြုကာ အူအတွင်း နံရံတွေပေါ်မှာ အဆီအနှစ် တင်ကျန်ရစ်ပြီး အချိန်ကြာလာ တာနဲ့အမျှ အူကင်ဆာ ဖြစ်လာနိုင် ပါတယ်။ သို့သော် ရေနွေးပူပူကို အစားထိုး သောက်ပေးခြင်း က အစာကြေညက် လွယ်တဲ့အပြင် အူကင်ဆာ ဖြစ်လာမှာလည်း မစိုးရိမ်ရတော့ ပါဘူး။

(ကိုယ်အလေးချိန် ကျစေပါတယ်) ရေနွေး သောက်ခြင်းက ကိုယ်အလေးချိန် ကျခြင်းနှင့် ဆက်စပ်မှုရှိတယ် ဆိုရင် သင်အံ့သြသွား လေမလား။ ရေနွေးပူပူ သောက်ပြီးနောက် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ လည်ပတ်မှု ဖြစ်စဉ်
တိုးတက်လာပြီး အရေပြားအောက်မှာ ရှိတဲ့ အဆီပိုတစ်သျှူး တွေကို ဖြိုခွဲပစ်နိုင် ပါတယ်။

(အအေးမိ ဝေဒနာအမျိုးမျိုးကို ပျောက်ကင်း စေပါတယ်) ရေနွေးပူပူ သောက်လိုက်တဲ့ အခါ ချွဲသလိပ်များကို ငြိမ်ကျသွား စေတာကြောင့် အသက်ရှူ လမ်းကြောင်း ပွင့်သွားပါတယ်။ ဒါကြောင့် အအေးမိ၍ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းယား၊ လည်ချောင်းနာ ခြင်းများ အတွက် ရေနွေးပူပူက အကောင်းဆုံး ဆေးတစ်ခွက်ပါပဲ။

(သွေးကောင်းစွာ လည်ပတ်စီးဆင်းကာ အာရုံခံအင်္ဂါများ ပွင့်သွားစေပါတယ်) ရေနွေးပူပူက ခန္ဓာကိုယ်ကို ဘေးဥပဒ် ဖြစ်စေတဲ့ သွေးကြောထဲရှိ ကိုလက်စထရော များကိုပါ ချပေး နိုင်တာကြောင့် သွေးကြောများ ပွင့်ကာ အာရုံကြောစနစ် များလည်း တိုးတက်ကောင်းမွန် လာပါတယ်။ ခြေထောက်သွေး ကျ၍ နာကျင်ကိုက်ခဲ ပါက ရေနွေးစိမ်ပေး နိုင်သလို အမျိုးသမီးများ ဓမ္မတာလာစဉ် ဗိုက်အောင့်ခြင်း အတွက် ရေနွေးပူသောက်၍ သော်လည်းကောင်း၊ ရေနွေးအိတ် သို့မဟုတ် ရေနွေးပုလင်းဖြင့် ဗိုက်ကို ကပ်ပေး၍ သော်လည်းကောင်း သက်သာ ပျောက်ကင်း နိုင်ပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၈)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...