Social Icons

Pages

Wednesday, September 21, 2016

ဖိုလ်ဝင်တောင် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဘေးမဲ့မျောက်များ မျိုးသုဉ်းပျောက်ကွယ်ခြင်း မရှိစေရန် ကာကွယ်စောင့်ရှောက်မှု ပြုလုပ်မည်



ယင်းမာပင် ၊ ၂၁-၉-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ဘေးမဲ့ ပေးထားသည့် မျောက်မျိုးစိတ်များ မျိုးသုဉ်း ပျောက်ကွယ်ခြင်း မရှိစေရန် ကာကွယ် စောင့်ရှောက်မှု ပြုလုပ်မည် ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

''မကြာခဏ မျောက်တွေကို လာဖမ်းတဲ့ အဖွဲ့တွေ ရှိပါတယ်။ ဟိုတစ်လောက မျောက်တွေကို သံလှောင်အိမ် တွေနဲ့ အများအပြား ဖမ်းကြတာတွေ ရှိပါတယ်။ ဒါကြောင့် ဘေးမဲ့ ပေးထားတဲ့ မျောက် အကောင်ရေတွေ လျော့နည်း လာတယ်။ မျောက်တွေကို တရားမဝင် ခိုးဖမ်းမှု မရှိအောင် ဆောင်ရွက်သွား ပါမယ်'' ဟု ဒေသခံ ဦးနိုင်ဦး က ပြောသည်။

အဆိုပါ ဖိုလ်ဝင်တောင် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ မျောက်ဖမ်းဆီး သူများကြောင့် မျောက်များ လျော့နည်းလာ သဖြင့် သက်ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့များနှင့် ပူးပေါင်းကာ မျောက်မျိုးစိတ်များ မျိုးသုဉ်းမှု ဘေးအန္တရာယ် မှ ကြိုတင်ကာကွယ် ခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်လျက် ရှိကြောင်း သိရသည်။

ပြည်တွင်း၌ ဖိုလ်ဝင်တောင် သစ်တောကြိုးဝိုင်း အတွင်း ကျက်စားကြသော တိရစ္ဆာန် များ၏ မျိုးသုဉ်းမှုမှာ အများဆုံး ဖြစ်ပြီး အထူးသဖြင့် ယခင်က မျောက်များကို နေရာ အနှံ့အပြား တွင် တွေ့ရသော်လည်း ယခု နောက်ပိုင်းတွင် နည်းပါး သွားကြောင်း ဒေသခံ ဦးအောင်လင်း က ပြောသည်။ ( ဇာဏီ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...