Social Icons

Pages

Monday, July 11, 2016

အာရှဖွံ့ဖြိုးရေးဘဏ်က အိန္ဒိယ မြန်မာ နှင့် ထိုင်း ချိတ်ဆက်မည့် ဘတ်စ်ကားလိုင်း ပြေးဆွဲရေး စီမံချက်တစ်ရပ်အား အဆိုပြုထား



ရန်ကုန် ၊ ၁၁-၇-၂၀၁၆

အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို ချိတ်ဆက်မည့် ဘတ်စ်ကားလိုင်း ပြေးဆွဲရေး စီမံချက် တစ်ရပ်ကို အဆိုပြုထားပြီး သက်ဆိုင်ရာ နိုင်ငံများ ကြားတွင် သဘောတူညီမှု ရရှိရန် ကြိုးပမ်း သွားမည်ဟုလည်း အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က သတင်းထုတ်ပြန် ခဲ့သည်။

အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံ တို့ကို ချိတ်ဆက်မည့် အဝေးပြေးလမ်း သည် ကီလိုမီတာ ၁၂ဝဝ ရှိပြီး အာဆီယံနိုင်ငံ များနှင့် အိန္ဒိယနိုင်ငံ ကြားတွင် ကုန်သွယ်မှု အားကောင်းလာ စေရန် အထောက်အကူ ဖြစ်စေကြောင်း သိရသည်။

ထို့ပြင် အဝေးပြေးလမ်း ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သော မန္တလေးနှင့် မိုရေးမြို့တို့ကို ချိတ်ဆက်ထားသည့် လမ်းပိုင်း၌ လမ်းပိုင်း အဆင့်မြှင့်တင် ခြင်းနှင့် တံတားဟောင်းများ ပြုပြင်ခြင်း၊ တံတားသစ်များ ထပ်မံ တည်ဆောက်ခြင်း အတွက် အိန္ဒိယ အစိုးရမှ ဘဏ္ဍာရေး အကူအညီများ ပေးသွားမည် ဖြစ်သည်။ မန္တလေးနှင့် မိုရေးကို ချိတ်ဆက် ထားသည့် လမ်းပိုင်းတွင် တံတား ၇၃ စင်းကို ပြင်ဆင်ခြင်းနှင့် အသစ် တည်ဆောက်ခြင်း များပြုလုပ် ရမည် ဖြစ်သည်။

အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ဒါရိုက်တာ တစ်ဦးဖြစ်သော Yasushi Negishi က အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံ တို့ကို ချိတ်ဆက်မည့် ဘတ်စ်ကားလိုင်း ပြေးဆွဲရန် သဘော တူညီမှု ရရှိရေး အတွက် ကြိုးပမ်းသွားမည် ဖြစ်ကာ လာမည့်နှစ်တွင် ဘတ်စ်ကားလိုင်း စတင် ပြေးဆွဲနိုင်ရန် ရည်မှန်း ထားကြောင်း ပြောကြား ခဲ့သည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...