Social Icons

Pages

Tuesday, July 12, 2016

သစ်လုပ်ငန်းရပ်ဆိုင်းထားသော ကာလတွင် မြန်မာ့သစ်လုပ်ငန်းများ၌ အသုံးပြုနေသော ဆင်များကို တခြားသောလုပ်ငန်းများ၌ ပြန်လ်ည အသုံးပြုမည်



နေပြည်တော် ၊ ၁၂-၇-၂၀၁၆

၂ဝ၁၆ –၂ဝ၁၇ ဘဏ္ဍာနှစ် သစ်လုပ်ငန်း ရပ်ဆိုင်းထားသော ကာလတွင် မြန်မာ့ သစ်လုပ်ငန်း များ၌ အသုံးပြုနေသော ဆင်များကို အနားပေးထားပြီး တခြားသော လုပ်ငန်းများ ၌ ပြန်လည် အသုံးပြုသွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့ သစ်လုပ်ငန်း များ၌ ယခင်က ပုံမှန် ထုတ်လုပ်ထားသော သစ်လက်ကျန် များကိုသာ သစ်တောများ၌ အသုံးပြု နေသော ဆင်များဖြင့် သစ်ဆွဲမှု လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေပြီး သစ်လုပ်ငန်း များတွင် အသုံးပြုနေသော ဆင်များကို ခရီးသွား လုပ်ငန်းများတွင် အသုံးပြုရန် စီမံချက် ရေးဆွဲပြီး တင်ပြ ထားကြောင်း သိရသည်။

''ဒီနှစ်မှာ သစ်ထုတ်လုပ် တာလည်း နားထားတဲ့အတွက် ဆင်တွေကိုလည်း အနားပေးထား တာပါ။ လောလောဆယ်မှာ သစ်ပုံမှန် ထုတ်လုပ်မှု တွေလည်း မရှိသေးပါဘူး။ အဲဒါကြောင့် ဆင်တွေကို အနားပေးထား ပါတယ်'' ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ပြင် နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ ဆင်များနှင့် ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းများကို ယခုလအတွင်း ဆွေးနွေးပွဲများ ကျင်းပသွားရန် ရှိပြီး မြန်မာ့ သစ်လုပ်ငန်း များတွင် အသုံးပြုနေသော ဆင်များမှ ပေါက်ဖွားလာသော ဆင်ငယ်လေး များကို စနစ်တကျ ပြန်လည်လွှတ် ပေးလျက် ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...