Social Icons

Pages

Friday, July 8, 2016

နတ်မတောင် အမျိုးသားဥယျာဉ်အား ကမ္ဘာ့သဘာဝ အမွေအနှစ် စာရင်းအဖြစ် ၂၀၁၈ ခုနှစ်တွင် ယူနက်စကိုသို့ အဆိုပြုလွှာတင်သွင်းမည်




ရန်ကုန် ၊ ၈-၇-၂၀၁၆

ခေါနူးသုန် (ခေါ်) နတ်မတောင် အမျိုးသား ဥယျာဉ်အား ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ သဘာဝ အမွေအနှစ်စာရင်း အဖြစ် အမည်စာရင်း အဆိုပြုလွှာ ကို ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ နောက်ဆုံးထား ရေးသားပြီး အစိုးရအဖွဲ့၏ အတည်ပြုချက် ရယူကာ ၂ဝ၁၈ ခုနှစ်တွင် ယူနက်စကို သို့ တင်သွင်းမည် ဖြစ်ကြောင်း သစ်တော ဦးစီးဌာန မှ သိရသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့ ရှိ ခေါနူး သုန် (ခေါ်) နတ်မတောင် သည် ပင်လယ် ရေမျက်နှာပြင် အထက် ၁ဝ၅ဝဝ ပေမြင့်ပြီး ၁၉၃၆ ခုနှစ်တွင် ကြိုးဝိုင်းအဖြစ် စတင် ဖွဲ့စည်းခဲ့ကာ ၁၉၉၇ ခုနှစ်တွင် အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂ဝ၁၂ ခုနှစ်တွင် အာဆီယံ အမွေအနှစ် ဥယျာဉ်အဖြစ် တိုးမြှင့် သတ်မှတ် ခဲ့ကြောင်း သိရသည်။

ယူနက်စကို အဖွဲ့အစည်း က နတ်မတောင် အမျိုးသား ဥယျာဉ်အား ၂ဝ၁၄ ခုနှစ်တွင် လာရောက် လေ့လာခဲ့ သော်လည်း အမျိုးသား ဥယျာဉ်ဧရိယာ အတွင်း ကျေးရွာများ ဖွဲ့၍ လူနေထိုင်ခြင်း၊ တောင်ယာ ခုတ်ခြင်းနှင့် ကားလမ်းများ ဖောက်လုပ်  ထားခြင်း တို့ကြောင့် လေးနှစ်ထပ်မံ ရွှေ့ဆိုင်းခဲ့ သဖြင့် ၂ဝ၁၈ ခုနှစ်တွင် ယူနက်စကို သို့ ပြန်လည် တင်သွင်းရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ မြောက်ဖျား တောင်ပေါ်ဆက်စပ် သစ်တောများ၊ ဟူးကောင်းချိုင့်ဝှမ်း တောရိုင်း တိရစ္ဆာ န် ဘေးမဲ့တော၊ အင်းတော်ကြီးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ မြိတ်ကျွန်းစု ဒေသ၊ ဧရာဝတီ မြစ်ဝှမ်းစင်္ကြံ နှင့် တနင်္သာရီ ဆက်စပ် သစ်တောဒေသ တို့ကိုလည်း နော်ဝေ အမွေအနှစ် ဖောင်ဒေးရှင်း ၏ ပံ့ပိုးမှုဖြင့် ကမ္ဘာ့သဘာဝ အမွေအနှစ် ဒေသအဖြစ် စာရင်းဝင် နိုင်ရန် တင်သွင်း သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...