Social Icons

Pages

Friday, June 17, 2016

ရခိုင်ကမ်းရိုးတန်းဒေသ၌ ဒေသခံများ စီမံသည့် အဏ္ဏ၀ါရေပြင် ကာကွယ်ထိန်းသိမ်းရေး နယ်မြေတည်ထောင် နိုင်ရန် လေ့လာမည်



စစ်တွေ ၊ ၁၇-၆-၂၀၁၆

ရခိုင် ကမ်းရိုးတန်း ဒေသ၌ ဒေသခံများ စီမံသည့် အဏ္ဏဝါရေပြင် ကာကွယ် ထိန်းသိမ်းရေး နယ်မြေ တည်ထောင်နိုင်ရန် ကမ်းရိုးတန်း ဒေသတစ်လျှောက် လေ့လာမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်ငံတကာ သားငှက် တိရစ္ဆာန် နှင့် အပင်များ လေ့လာရေးအဖွဲ့ (FFI) မှ သိရသည်။

ဒေသခံများ စီမံသည့် အဏ္ဏဝါရေပြင် ကာကွယ် ထိန်းသိမ်းရေး နယ်မြေ တည်ထောင် နိုင်ရန် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်ရှိ သန္တာကျောက်တန်း များ အခြေအနေ၊ ငါး၊ပုစွန်များ အဓိက သားပေါက်ရာ နေရာ၊အပြည်ပြည် ဆိုင်ရာ သဘာဝ ထိန်းသိမ်းရေး အဖွဲ့(IUCN) ၏ အသိအမှတ်ပြု လမုပင်များ နှင့် ရှားပါးစာရင်းဝင် ငှက်များ ကျက်စားမှု အခြေအနေ တို့ကို နှစ်နှစ်ကြာ လေ့လာသွားမည် ဖြစ်ကြောင်း သိရသည်။

''လေ့လာရေး ကိုတော့ အဖွဲ့လေးဖွဲ့ ခွဲပြီး သန္တာကျောက်တန်း ကောင်းတဲ့နေရာ၊ ငါး၊ ပုစွန်တွေ အဓိက သားပေါက်တဲ့ နေရာတွေကို လေ့လာ သွားမှာပါ။ သန္တာ ကျောက်တန်း တွေက ရခိုင် ကမ်းရိုးတန်း ဒေသမှာ ၁ဝဝ ရာခိုင်နှုန်း ကောင်းတဲ့နေရာ တွေ ရှိသေးတယ်။ ပျက်စီးနေတဲ့ နေရာတွေလည်း ရှိပေမယ့် ကောင်းတဲ့နေရာ တွေလည်း အများကြီး ကျန်နေသေးတယ်'' ဟု နိုင်ငံတကာ သားငှက် တိရစ္ဆာန်နှင့် အပင်များ လေ့လာရေး အဖွဲ့ (FFI)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရခိုင်ကမ်းရိုးတန်း ဒေသတစ်လျှောက်၌ လေ့လာပြီးပါက သန္တာကျောက်တန်း နှင့် ငါးလုပ်ငန်း ကောင်းမွန်ပြီး ထိန်းသိမ်းရေး စိတ်ဝင်စားသည့် ရွာများကို ရွေးချယ်ကာ ဒေသခံများ စီမံသည့် အဏ္ဏဝါရေပြင် ကာကွယ် ထိန်းသိမ်း ရေး နယ်မြေ တည်ထောင်ပေးမည် ဖြစ်သည်။ 

အဆိုပါ အဏ္ဏဝါရေပြင် ကာကွယ် ထိန်းသိမ်းရေး နယ်မြေကို FFI နှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ တနင်္သာရီတိုင်း ဒေသကြီး ဘုတ်ပြင်းမြို့နယ် ရှိ လငန်းကျွန်း၊ ကျွန်းစုမြို့နယ် ရှိ ဒုံးပလဲအော် ကျေးရွာ၊ လင်းထွန်းနှင့် ပရော့ဝါးကျေးရွာ တို့၌လည်း ပြုလုပ် ထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...