Social Icons

Pages

Friday, June 10, 2016

မြန်မာနိုင်ငံ၌ နိုင်ငံတကာအဆင့်မီ ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ် ကို ၂၀၁၇ ခုနှစ်တွင် ပထမဆုံးဖွင့်လှစ် သင်ကြားပေးနိုင်မည်



ပုသိမ်ကြီး ၊ ၁၀-၆-၂၀၁၆

မြန်မာနိုင်ငံ၌ ပထမဆုံး နိုင်ငံတကာ အဆင့်မီ ကမ္ဘာ့ငြိမ်းချမ်းရေး တက္ကသိုလ် ( University of Global Peace ) ကို ၂၀၁၇ ခုနှစ်တွင် မန္တလေးတိုင်း ဒေသကြီး ၊ ပုသိမ်ကြီးမြို့နယ် ၊ ရန်ကင်းတောင်ခြေ ၌ ဖွင့်လှစ်သင်ကြား ပေးနိုင်မည် ဖြစ်ကြောင်း ဥယျာဉ်ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် ဦးဇောတိက က မြွတ်ကြားသည်။ အဆိုပါ ကမ္ဘာ့ငြိမ်းချမ်းရေး တက္ကသိုလ် သို့ ပထမကြီးတန်းအောင် ရဟန်းသံဃာတော်များ နှင့် သီလရှင်များ တက္ကသိုလ်ဝင် တန်းအောင် ၊ ဘွဲ့ရ စသည့် ဘာသာပေါင်းစုံ မှ လူငယ်များ တက်ရောက်သင်ယူ နိုင်မည်ဖြစ်ပြီး လက်ရှိတွင် ကမ္ဘာ့ငြိမ်းချမ်းရေး တက္ကသိုလ် ကို ဖွင့်လှစ်၍ စတင် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

" နောက်နှစ်ထဲမှာ ဖွင့်လှစ်မှာပါ။ လောလောဆယ် ပြည်တွင်းက ဓမ္မာစရိယ အောင်တဲ့ ရဟန်းသံဃာ တွေနဲ့ လူပုဂ္ဂိုလ် တွေကို ကောလိပ်ဖွင့်ပြီးတော့ အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့နဲ့ Intermediate Level တွေကို သင်ကြား ပေးနေပါတယ်။ ဒီ Level တွေပြီးပြီ ဆိုရင် တက္ကသိုလ် ဖွင့်တဲ့အခါ M.A တန်းကို တက်ရောက် သင်ကြားခွင့် ရမှာပါ။ ပထမကြီးတန်း အောင်လာတဲ့ ရဟန်းသံဃာ တွေနဲ့ လူပုဂ္ဂိုလ် တွေကို အင်္ဂလိပ်စာ ထူးချွန်ရင် M.A တန်းကို တက်ခွင့်ပြုမှာပါ။ ပညာသင်ကာလ အားလုံးကတော့ နိုင်ငံတကာ စံညွှန်းအတိုင်း B.A လေးနှစ်နဲ့ M.A နှစ်နှစ် ဖြစ်ပါတယ် " ဟု ဆရာတော် က ဆက်လက် မြွတ်ကြားသည်။

မြန်မာနိုင်ငံ အတွင်းရှိ ရိုးရိုး ဓမ္မာစရိယဘွဲ့ ရသော ရဟန်းသံဃာ များနှင့် လူပုဂ္ဂိုလ် များကို ပြည်ပနိုင်ငံများက အသိအမှတ်ပြု သော်လည်း ပြည်တွင်း တက္ကသိုလ် များက အသိအမှတ် မပြုသောကြောင့် M.A တန်း တက်ရောက် လိုပါက ပြည်ပသို့ သွားရောက် ပညာသင်ကြား ရကြောင်း နှင့် ယခုအခါ B.A ဘွဲ့ရ မည်သည့် ပုဂ္ဂိုလ်မဆို M.A တန်းကို ကမ္ဘာ့ငြိမ်းချမ်းရေး တက္ကသိုလ် ၌ သင်ကြား နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...