Social Icons

Pages

Friday, May 20, 2016

လေယာဉ်ငယ် တပ်ဆင်ခြင်း ၊ ပျံသန်းခြင်း နှင့် Simulator လေယာဉ်မောင်းပြိုင်ပွဲ ကျင်းပ




နေပြည်တော် ၊ ၂၀-၅-၂၀၁၆

လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) စခန်းပေါင်းစုံ သင်တန်းသား အဖွဲ့များ၏ လေယာဉ်ငယ် တပ်ဆင်ခြင်း၊ ပျံသန်းခြင်းနှင့် Simulator လေယာဉ်မောင်း ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်၊ လေတပ်ဆွယ် (မှော်ဘီ)၌ ကျင်းပ ပြုလုပ်ရာ အခြေခံအဆင့် သင်တန်းသား အဖွဲ့ ကိုးဖွဲ့က RC လေယာဉ် အဖြုတ် အတပ်ပြိုင်ပွဲ၊ RC လေယာဉ်မောင်း ပြိုင်ပွဲနှင့် Simulator လေယာဉ်မောင်း ပြိုင်ပွဲတို့အား ယှဉ်ပြိုင် ကြသည်။

ထိုသို့ ယှဉ်ပြိုင်နေမှု များကို ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း နှင့် မှော်ဘီတပ်နယ် မှ တပ်မတော် အရာရှိကြီး များက ကြည့်ရှုအားပေး ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...