Social Icons

Pages

Wednesday, May 18, 2016

လေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့်သင်တန်း တို့မှ သင်တန်းသား သင်တန်းသူများ တပ်မတော်လေယာဉ်နှင့် ရဟတ်ယာဉ်များအား သွားရောက်လေ့လာ


လေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့်သင်တန်း တို့မှ သင်တန်းသား သင်တန်းသူများ တပ်မတော်လေယာဉ်အား လေ့လာစဉ်


နေပြည်တော် ၊ ၁၈-၅-၂၀၁၆

နွေရာသီ ကျောင်းပိတ်ရက် များတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများ ရရှိစေရန် အတွက် တပ်မတော်(လေ) မှ လေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) နှင့် လေကြောင်းလူငယ် တန်းမြင့် သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) တို့ကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ အဆိုပါ သင်တန်းသား များသည် ယမန်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်နှင့် မှော်ဘီတပ်နယ် ရှိ လေတပ်ဆွယ်သို့ သွားရောက် လေ့လာ ကြသည်။

ထိုသို့ လေ့လာစဉ် သင်တန်းသား များကို လေယာဉ်ပေါ် တွင် လိုက်ပါစီးနင်း စေပြီး တာဝန်ရှိ သူများက လေကြောင်း ဆိုင်ရာ အတွေ့အကြုံ များနှင့် လေယာဉ် တည်ဆောက်ပုံများ အား ရှင်းလင်း ပြောကြား ခဲ့သည်။

လေကြောင်းလူငယ် သင်တန်းကို မေ ၂ဝ ရက်ထိ သင်ကြား ပို့ချသွားမည် ဖြစ်ပြီး ယခုကဲ့သို့ လေ့လာရေး ခရီးစဉ်များကို လည်း ဆက်လက် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...