Social Icons

Pages

Monday, May 23, 2016

မြိတ်ကျွန်းစုဒေသရှိ ကျွန်းများတွင် အဏ္ဏ၀ါလေ့လာရေး ခရီးစဉ်သစ်တစ်ခု ဖြစ်ပေါ်လာစေရန် အပန်းဖြေစခန်းတစ်ခု တည်ဆောက်မည်



ရန်ကုန် ၊ ၂၃-၅-၂၀၁၆

မြိတ်ကျွန်းစု ဒေသရှိ လူသူ အရောက် အပေါက် နည်းသေးသည့် ကျွန်းများတွင် အဏ္ဏဝါ လေ့လာရေး ခရီးစဉ်အသစ် (New Destination) တစ်ခုဖြစ်ပေါ် လာစေရန် အပန်းဖြေစခန်း တစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အပန်းဖြေစခန်း တည်ဆောက် ခွင့်ကို ဒေသခံ တိုင်းရင်းသား လုပ်ငန်းရှင် များသာ လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်သော်လည်း ယင်းကဲ့သို့ အပန်းဖြေစခန်း ဖော်ထုတ် လိုက်ခြင်းဖြင့် ကျွန်းများ၏ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (ကနဦးအဆင့်) လူထု တွေ့ဆုံပွဲ များကိုလည်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီဒေသမှာ လှပပြီး လူမရောက် သေးတဲ့ ကျွန်းတွေ အများကြီး ရှိပါတယ်။ ခရီးသွား ကဏ္ဍတွေ ဖော်ဆောင်ဖို့ လိုအပ်လာ ပါတယ်'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန ကော့သောင်း ရုံးခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလွှမ်းမိုး က ပြောသည်။

အဆိုပါ မြိတ်ကျွန်းစုသည် ကပ္ပလီ ပင်လယ်ပြင် အတွင်း တည်ရှိကာ ကျွန်းပေါင်း ၈ဝဝ ကျော်ဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ ၏ တစ်ခုတည်းသော အမျိုးသား အဏ္ဏဝါ ဥယျာဉ်တည် ရှိရာ၊ ဆလုံ (Sea Gipsy) လူမျိုးများ နေထိုင်ရာ ကျွန်းစုတစ်ခု လည်း ဖြစ်ကြောင်း၊ မြိတ်ကျွန်းစု အတွင်းရှိ ပင်လယ် ရေပြင်အောက် တွင် သန္တာေ ကျာက်တန်း မျိုးစိတ်ပေါင်း ၅၁၈ မျိုး၊ ကနုကမာ မျိုးစိတ် ၉၁ မျိုး၊ ငါးမျိုးရင်း ၄၂ မျိုးရှိပြီး ကျွန်းများ ပေါ်တွင် ငှက်မျိုးစိတ် ၂၂၈ မျိုးတို့ ကျင်လည် ကျက်စားလျက် ရှိရာ ခရီးသွား လုပ်ငန်း ပိုမိုဖွံ့ဖြိုး လာသည်နှင့် အမျှ ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ ပိုမို စိတ်ဝင်စား လာသော အဏ္ဏဝါ ခရီးစဉ်ဒေသ တစ်ခု ဖြစ်လာစေရန် ဆောင်ရွက် သွားမည် ဖြစ်သည်။

ရေမြေတောတောင် သဘာဝ အလှရှုခင်း များ၊ ဆလုံလူမျိုး များ၏ ရိုးရာ ဓလေ့စရိုက် များ၊ ရေအောက် အဏ္ဏဝါ ပသာဒ အလှတရား များကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာ နိုင်သည့် အတွက် ကမ္ဘာလှည့် ခရီးသွား ဧည့်သည် ဝင်ရောက်မှု သည်လည်း တစ်နှစ်ထက် တစ်နှစ် တိုးတက်များပြား လာပြီး ပြည်တွင်း ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ သာမက တိုင်းရင်းသား လုပ်ငန်းရှင် များပါ အဏ္ဏဝါ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်ရန် နှင့် ခရီးစဉ် ဒေသအသစ် ဖြစ်ပေါ်လာ စေရန် စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။

အပန်းဖြေစခန်း အဖြစ် ဖော်ထုတ်မည့် ကျွန်းများ၏ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (ကနဦးအဆင့်) တွင် ပါဝင်မည့် ရေ၊ လေ၊ မြေ အရည်အသွေး များ၊ တုန်ခါမှုနှင့် ဆူညံသံများ၊ ဇီဝမျိုးစုံ မျိုးကွဲများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန များ၏ ဥပဒေ၊ နည်းဥပဒေများ အတိုင်း လေ့လာ ဆန်းစစ်ချက် များကို ပြုလုပ် ပြီးပါက လူထုအနေဖြင့် အကြံပေး မှုများ၊ ကန့်ကွက်မှုများ ရှိပါက EIA ဒုတိယအကြိမ် ပြုလုပ်သည့် အခါ တင်ပြဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...