Social Icons

Pages

Tuesday, May 17, 2016

ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းတို့မှ သင်တန်းသား သင်တန်းသူများ စစ်ရေယာဉ်များနှင့် သင်္ဘောတည်ဆောက်ရေး ဌာနများသို့ သွားရောက်လေ့လာ


ရေကြောင်းလူငယ် လေ့လာရေး အဖွဲ့မှ သင်တန်းသား ၊ သင်တန်းသူများ စစ်ရေယာဉ်များသို့ သွားရောက် လေ့လာကြစဉ်

နေပြည်တော် ၊ ၁၇-၅-၂၀၁၆

ရေကြောင်းလူငယ် အခြေခံသင်တန်း နှင့် ရေကြောင်းလူငယ် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) စခန်းပေါင်းစုံ တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တည်းခိုရေးစခန်း (ဘုရင့်နောင်) ၌ ပြုလုပ်သည်။ 

ထို့နောက် သင်တန်းသား၊ သင်တန်းသူ များနှင့် နည်းပြများ ပါဝင်သော လေ့လာရေး အဖွဲ့သည် သန်လျင်မြို့၊ ရေတပ်ဆိပ်ခံ  တံတား၌ ဆိုက်ကပ် ထားသော စစ်ရေယာဉ် များသို့ သွားရောက်လေ့လာ ကြရာ စစ်ရေယာဉ်များ ပေါ်ရှိ လက်နက်နှင့် လက်နက် စနစ်များ၊ စက်ပိုင်းဆိုင်ရာ စနစ်များ၊ ဆက်သွယ်ရေး ဆိုင်ရာ စနစ်များ၊ ရေကြောင်း သွားလာရေး ဆိုင်ရာ အထွေထွေ ဗဟုသုတ များနှင့် စစ်ရေယာဉ်များ ခုတ်မောင်းနေစဉ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား တာဝန်ရှိ သူများက အသေးစိတ် ရှင်းလင်းပြသ ကြသည်။

ဆက်လက်၍ သန်လျင်တပ်နယ် ရှိ ရေတပ် သင်္ဘောကျင်း ဌာနချုပ်သို့ သွားရောက် ကြည့်ရှု လေ့လာကြရာ တပ်သမိုင်းကြောင်း နှင့် လုပ်ငန်းစဉ် များအား ဌာနချုပ်မှူး က ရှင်းလင်း ပြောကြားပြီး သင်္ဘော တည်ဆောက် နေမှုများနှင့် လွန်းတင် ပြင်ဆင်လျက် ရှိသော စစ်ရေယာဉ် များအား ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...