Social Icons

Pages

Tuesday, May 10, 2016

မင်းကွန်းဒေသ၌ မိုးသက်လေပြင်း ကျရောက်ခဲ့ခြင်းကြောင့် ပြည်တွင်းပြည်ပ ခရီးသည်များ လာရောက်သူ နည်းပါး



စစ်ကိုင်း ၊ ၁၀-၅-၂၀၁၆

ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ အနေဖြင့် မင်းကွန်းဒေသ သို့ ယခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ ရာသီဥတု ပူပြင်းမှုနှင့် အတူ မကြာမီက မိုးသက်လေပြင်းများ ကျရောက် မှုကြောင့် ဧပြီ နောက်ဆုံးပတ်မှ စ၍ လာရောက်သူ မရှိသလောက် နည်းပါးသွား ခဲ့ကြောင်း မင်းကွန်း အမှတ်တရ ပစ္စည်းများ ရောင်းချသည့် ဈေးတန်းမှ ဆိုင်ရှင်များ၏ ပြောကြားချက် အရ သိရသည်။

''အရင်က ပြည်တွင်း ဧည့်သည်တွေက နေ့စဉ်ပုံမှန် နီးပါး လာကြတယ်။ ဒါ့အပြင် စနေ၊ တနင်္ဂနွေနေ့ တွေမှာ ပုံမှန်လာကြ ပါတယ်။ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ အနေနဲ့ အခု နိုဝင်ဘာလက ဧပြီလလယ် အထိလို ပွင့်လင်း ရာသီမှာ အများအပြား လာရောက် ကြတယ်။ ဒါပေမဲ့ လက်ရှိမှာ ရာသီဥတု ပူပြင်းလွန်းတာနဲ့ မိုးသက်လေပြင်း ကျရောက် ခဲ့တာကြောင့် အလာကျဲ သွားပြီး ဘုရားဖူးကား တွေလည်း မလာကြပါဘူး။ ဒါကြောင့် အမှတ်တရ ပစ္စည်း ရောင်းချရမှု လည်း မရှိတော့ဘဲ ဈေးဦးမပေါက်တဲ့ နေ့တွေတောင် ရှိလာပါတယ်'' ဟု အမှတ်တရ ပစ္စည်း ရောင်းချနေသည့် မမော်မော် က ပြောသည်။

ပြည်ပမှ နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေဖြင့် မန္တလေးသို့ ရောက်ပြီးလျှင် မင်းကွန်းဒေသသို့ သွားရောက် လေ့လာမှု များပြားပြီး မင်းကွန်း ခေါင်းလောင်းကြီး အား အထူး စိတ်ဝင်စားမှု ရှိကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်း ခရီးသွားများ လာရောက်မှု နည်းပါးသည့် အပြင် ပြည်ပခရီးသွား ဧည့်သည်များပါ လာရောက်မှု နည်းပါး ခြင်းကြောင့် ရေလမ်း ပြေးဆွဲနေသည့် မော်တော်များ ခရီးသည် ရရှိမှု နည်းနေကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...