Social Icons

Pages

Friday, April 1, 2016

ငါးနီတူခြောက်ကို အသင့်စား Snack အထုပ်များ ထုတ်လုပ်ရန် ထိုင်းနိုင်ငံရျိ လုပ်ငန်းရှင်များက စက်ရုံလာရောက် ဖွင့်လှစ်မည်



ရန်ကုန် ၊ ၁-၄-၂၀၁၆

ငါးနီတူငါး များကို ငါးခြောက်အဖြစ် ပြုလုပ်ရန်နှင့် စူပါမားကက် များ၌ ရောင်းချနေသော အသင့် စားသုံးနိုင်သည့် Snack အထုပ်များ ထုတ်လုပ်ရောင်းချ နိုင်ရန် ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်များက မြန်မာနိုင်ငံ၌ စက်ရုံများ လာရောက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

ပြည်တွင်း ရေထွက်ကုန် လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ငါးနီတူ ငါးကို ငါးခြောက် အဖြစ်သာ ထုတ်လုပ်နိုင်ပြီး တန်ဖိုးမြင့် ထုတ်ကုန်ဖြစ်သည့် အသင့် စားသောက်ကုန်များ အဖြစ် မထုတ်လုပ် နိုင်ခြင်းကြောင့် ရရှိသင့်သည့် တန်ဖိုးထက် နည်းပါး စွာဖြင့် ရောင်းချ နေရခြင်း ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်သည်။

''ငါးနီတူ ငါးခြောက် Snack အထုပ်တွေက ပြည်ပကို တင်ပို့ရောင်းချတဲ့ ဈေးကွက်ထဲမှာ အရမ်း ဈေးမြင့်တယ်။ ဥရောပ ဈေးကွက်တွေ ထဲကိုတောင် တင်သွင်း ရောင်းချကြတယ်။ ပြီးတော့ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ငါးနီတူငါးက တော်တော်ရှား နေပြီ။ ဒီမှာက အခုထိ ပေါနေသေးတယ်။ အရင်က ငါးနီတူ ငါးတွေကို စာချုပ်နဲ့ ဝယ်တာမျိုးတွေ ရှိတယ်။ အခုစက်ရုံ လုပ်ဖို့အတွက် အကြို သဘော တူညီမှုတွေ ရပြီးပါပြီ'' ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်း ကပြောသည်။

ပြည်တွင်း ငါးဖမ်းဆီးရေး လုပ်ငန်းများ၌ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ များတွင် ငါးနီတူငါး ပေါများစွာ ဖမ်းဆီး ရမိကြောင်း သိရသည်။

ထက်နေ

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...