Social Icons

Pages

Tuesday, April 26, 2016

ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများသည် အမျိုးသားပို့ကုန် မဟာဗျူဟာ၏ ဦးစားပေးကဏ္ဍတစ်ခုအဖြစ် ပါဝင်



ရန်ကုန် ၊ ၂၅-၄-၂၀၁၆

ကယားပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း များသည် အမျိုးသားပို့ကုန် မဟာဗျူဟာ၏ ဦးစားပေးကဏ္ဍ တစ်ခုအဖြစ် ပါဝင်နေကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ကယားပြည်နယ် အတွင်း စီမံကိန်းများ အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တို့နှင့် ပူးပေါင်းကာ ကယားပြည်နယ် အတွင်း ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးစေရေး အတွက် သုံးနှစ်စီမံကိန်း ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ပြင် ကယားပြည်နယ် နှင့် ထိုင်းနိုင်ငံ အကြား နယ်စပ် ကုန်သွယ်ရေး စခန်းကြောင့် ကယားပြည်နယ် ဒေသ ထွက်ကုန်များကို ထိုင်းနိုင်ငံသို့ တိုက်ရိုက် တင်ပို့နိုင်ပြီး ထိုင်းနိုင်ငံ အနေဖြင့် မယ်စဲ့- ဖားဆောင်း- မော်ချီး- တောင်ငူ လမ်းကြောင်း မှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ ကုန်သွယ်မှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။

အလားတူ ကယားပြည်နယ် မှတစ်ဆင့် လွိုင်ကော်- ဒီးမော့ဆို-ဖရူဆို- ဘောလခဲ - ဖား ဆောင်း-မယ်စဲ့ လမ်းကြောင်းမှ တစ်ဆင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အထိ ကုန်သွယ်ရေး လုပ်ငန်းများ ကိုပါ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး စခန်းများ အားလုံး ဖွင့်လှစ်ပြီး ပါက ထိုင်းနိုင်ငံမှ တစ်ဆင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ဒေသသို့ လာရောက် လည်ပတ် ကြသော ကမ္ဘာလှည့် ခရီးသွား ဧည့်သည် များသည် ကယားပြည်နယ် သို့ လာရောက် လည်ပတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...