Social Icons

Pages

Friday, March 11, 2016

မန္တလေးတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့၌ တောင်သူများအား GAP နှင့် အော်ဂဲနစ်ဆိုင်ရာ ရက်တိုသင်တန်းများ အခမဲ့ပို့ချမည်


မန္တလေး ၊ ၁၁-၃-၂၀၁၆

အစားအသောက် များ ဘေးအန္တရာယ် ကင်းရှင်း၍ လုံခြုံစိတ်ချမှု ရှိစေရန်နှင့် တောင်သူများ လိုက်နာနိုင်ရန် မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံ ပန်းမန် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း (MFVP)  နှင့် Standards in the South-East Asian Food Trade ( SAFT) တို့ပူးပေါင်း၍ အော်ဂဲနစ်ဆိုင်ရာ ရက်တို အခမဲ့ သင်တန်းများ ပို့ချသွားမည် ဖြစ်သည်။

အစားအသောက် များ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် တောင်သူများ လိုက်နာနိုင်ရေး အတွက် GAP နှင့် အော်ဂဲနစ် ဆိုင်ရာ သင်တန်းနှစ်မျိုး ဖွင့်လှစ်ပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မန္တလေးတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ် တို့၌ ဖွင့်လှစ်ရန် လျာထားပြီး ၂ဝ၁၆ ခုနှစ်အတွင်း မန္တလေးတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့၌ တစ်ကြိမ်စီ၊ ၂ဝ၁၇ ခုနှစ်တွင် တစ်ကြိမ်စီ စုစုပေါင်း သင်တန်း လေးကြိမ် ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်သည်။

နေရာဒေသ လိုအပ်ချက် စသည့် လေ့လာမှုများ လုပ်ဆောင်ပြီး ပါက သင်တန်း တစ်ကြိမ်လျှင် သင်တန်းသား ၅ဝ ဦးအထိ လက်ခံပြီး အချိန် သုံးရက်ကြာ သင်ကြားပို့ချ ပေးသွားမည် ဖြစ်သည်။ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပြီး အသိပညာပေး လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင် သွားနိုင်ရန် MFVP နှင့် SAFT တို့သည် ဖေဖော်ဝါရီ ၅ ရက်က MoU လက်မှတ်ရေးထိုး ထားကြောင်း သိရသည်။ 

ယခု ဖွင့်လှစ်မည့် သင်တန်း အားလုံးကို အခမဲ့သင်ကြား ပေးသွားမည် ဖြစ်ပြီး စိတ်ပါဝင်စား သူများ အနေဖြင့် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်း UMFCCI ရုံးချုပ်ရှိ MFVP ရုံး၌ ဆက်သွယ်စုံစမ်း တက်ရောက် နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...