Social Icons

Pages

Monday, March 28, 2016

ပြင်ဦးလွင်ရထားလုံးများ အစီးရေလျော့ကျလာ



ပြင်ဦးလွင် ၊ ၂၈-၃-၂၀၁၆

ပြင်ဦးလွင်မြို့၏ သင်္ကေတ အဖြစ် နှစ်ပေါင်း ၁ဝဝ ကျော် လူသိများ ထင်ပေါ် ကျော်ကြားနေသည့် ရထားလုံးများ ခေတ်ကာလ တိုးတက် ပြောင်းလဲ လာမှုကြောင့် မှေးမှိန် ပျောက်ကွယ် သွားရန် မဖြစ်နိုင် သော်လည်း ဆက်လက် မောင်းနှင် ကြမည့် မျိုးဆက်သစ်များ ရှားပါးလာသည့် အတွက် ရထားလုံး အစီးရေ လျော့ကျ လာကြောင်း သိရသည်။ 

အင်္ဂလန်နိုင်ငံ ထုတ် ပြင်ဦးလွင် ရထားလုံး များသည် မော်လမြိုင်မြို့၊ ရန်ကုန်မြို့ တို့မှ တစ်ဆင့် ပြင်ဦးလွင်မြို့သို့ ရောက်ရှိ လာခဲ့ပြီး ပြင်ဦးလွင်မြို့ ၏ တစ်ခု တည်းသော ကုန်စည်နှင့် ခရီးသည် ပို့ဆောင်ရေး မြို့တွင်း အနှေးယာဉ် အဖြစ် အချိန် ကြာမြင့်စွာ တည်ရှိ နေခဲ့သည်။

ခေတ်ကာလ တိုးတက်ပြောင်းလဲ လာသည်နှင့် အမျှ မြို့တွင်း ခရီးသည် သယ်ယူ ပို့ဆောင်ရေး တွင် နှစ်ဘီးနှင့် သုံးဘီး ဆိုင်ကယ်များ ဝင်ရောက် နေရာယူ ခဲ့ကြသော်လည်း မြို့၏ သင်္ကေတ တစ်ခုဖြစ် နေသည့် ရထားလုံးများကို လာရောက် လည်ပတ် ကြသည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများ နှင့် အခြားသော မြို့ရွာများမှ ဧည့်သည်များ စိတ်ဝင်တစား ဖြင့် ငှားရမ်း စီးနင်းလျက် ရှိသည့် အတွက် ပြင်ဦးလွင် ရထားလုံး လုပ်ငန်းရှင် များသည် ယနေ့ချိန်ထိ အဆင်ပြေစွာ ရပ်တည် နေထိုင်နိုင်လျက် ရှိကြောင်း သိရသည်။ သို့သော် ရထားလုံး မောင်းနှင်ခြင်း လုပ်ငန်းကို ယခုအခါ အသက်အရွယ် ကြီးရင့်သူ များသာ အများအားဖြင့် မောင်းနှင်နေကြသည်။

ယခင်က ပြင်ဦးလွင်မြို့ ၌ ရထားလုံး အစီးရေ ၃ဝဝ ကျော် ရှိခဲ့သော်လည်း ယခုအခါ အစီးရေ ၁၅ဝ ခန့်သာ ကျန်ရှိနေပြီး ငှားရမ်း သုံးစွဲသူ များစွာ ရှိနေသေးကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...