Social Icons

Pages

Friday, March 11, 2016

(၇၁)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး ပြုလုပ်


တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် မောင်မောင်အေး (၇၁)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီ စတုတ္တအကြိမ် ညှိနှိုင်းအစည်းအဝေး တွင် 
အမှာစကား ပြောကြားစဉ်

တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် မောင်မောင်အေး ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏ ဆက်ဆံရေး စခန်းများကို ကြည့်ရှု စစ်ဆေးစဉ်

နေပြည်တော် ၊ ၁၁-၃-၂၀၁၆

(၇၁)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ တည်းခိုရေး စခန်းရှိ ဆင်ဖြူရှင် ခန်းမ၌ ပြုလုပ်သည်။

အစည်းအဝေးတွင် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် မောင်မောင်အေး က (၇၁)နှစ်မြောက် တပ်မတော်နေ့ အား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ကော်မတီများမှ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အဖွင့် အမှာစကား ပြောကြားသည်။ 

ထို့နောက် သက်ဆိုင်ရာ ကော်မတီများ နှင့် လုပ်ငန်းအဖွဲ့ များမှ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ များကို အသေးစိတ် ရှင်းလင်း တင်ပြကြပြီး တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌက ရှင်းလင်း တင်ပြမှုများကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့သည်။

အစည်းအဝေးသို့ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

အစည်းအဝေ အပြီးတွင် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များသည် စစ်ရေးပြ စစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များ၏ စားရိပ်သာနှင့် စားချက်ဆောင် များကို လည်းကောင်း၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏ ဆက်ဆံရေး စခန်းကို လည်းကောင်း၊ ကျန်းမာရေးနှင့် ဆေး အကာအကွယ် ပေးရေး ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု များကို လည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...