Social Icons

Pages

Friday, March 11, 2016

သင်ကြားမှုစွမ်းရည်ထူးချွန်၍ လူမှုရေးပရဟိတစိတ်ဓာတ် ရှိသည့် ဆရာ ဆရာမများကို ထူးချွန်ဆရာ ဟု ရွေးချယ်ပေးအပ်မည်


ရန်ကုန် ၊ ၁၁-၃-၂၀၁၆

တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်း ဆရာ၊ ဆရာမ များထဲမှ သင်ကြားမှု စွမ်းရည် ထူးချွန်၍ လူမှုရေး ပရဟိတ စိတ်ဓာတ်ရှိသည့် ဆရာ၊ ဆရာမ များအား ယခု ပညာသင်နှစ်တွင် ထူးချွန်ဆရာဆု ရွေးချယ် ပေးအပ် သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

ထူးချွန်ဆရာဆု ရွေးချယ်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပထမရရှိခဲ့သည့် ဆရာ၊ ဆရာမ များအား လက်တွေ့ သင်ကြားပြသမှု ကို စိစစ် အကဲဖြတ်ကာ ပညာရေး ကောလိပ်များ၌ မေးခွန်းများကို မေးမြန်းဖြေကြား ရမည် ဖြစ်ကြောင်း သိရသည်။

ထူးချွန်ဆရာဆု နှင့်ပတ်သက်၍ အခြေခံပညာ ကဏ္ဍမှ ဆရာမ တစ်ဦးက ''ကျောင်းအလိုက် ယှဉ်ပြီးတော့ ရွေးချယ်ပေးတယ်။ လုပ်ဆောင်ချက် တွေပေါ် မူတည်ပြီး တော့လည်း အမှတ်ပေးတယ်။ ဆရာမတို့ သိတာတော့ တော်ဝင်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း က ကနဦးကူညီ ပေးပြီးတော့ နောက်ပိုင်းမှာ သူတို့ဘာသာ ဆက်လုပ် သွားမယ်လို့ သိရတယ်'' ဟု ပြောသည်။

ထူးချွန်ဆရာဆု ထူးချွန်ဆု ပေးမည့် အစီအစဉ်တွင် သက်ဆိုင်ရာ အတန်းအလိုက် ပထမဆု ငွေကျပ် သိန်း ၄ဝ၊ ဒုတိယဆု ငွေကျပ်သိန်း ၂ဝ နှင့် တတိယဆု ငွေကျပ် ၁ဝ သိန်းစီ ချီးမြှင့်သွားမည် ဖြစ်သည်။

ထိုသို့ ထူးချွန်ဆု ပေးအပ်ခြင်းမှာ အခြေခံပညာ ဆရာ၊ ဆရာမများ သင်ကြားမှု အရည်အသွေး မြင့်မား စေရန်နှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ဖြစ်ကြောင်း၊ ယင်းဆုကို ပညာ တန်ဆောင်နှင့် တော်ဝင် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရွေးချယ် ချီးမြှင့်ခြင်း ဖြစ်ကြောင်း ထူးချွန်ဆု ရွေးချယ် ချီးမြှင့်ရေး ဦးစီးကော်မတီ မှ သိရသည်။

ထူးချွန်ဆရာဆု ရွေးချယ်မှု အစီအစဉ် တွင် ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့်၊ ဗဟိုအဆင့်ဖြင့် အဆင့်ဆင့် ရွေးချယ်ခြင်း ဖြစ်ပြီး ရေးဖြေ စာမေးပွဲ၊ လူတွေ့နှုတ်ဖြေ စာမေးပွဲများ ဖြေဆို၍ ဗဟိုအဆင့်တွင် လက်တွေ့ သင်ကြား ပြသမှုကို စိစစ် အကဲဖြတ်ခြင်း တို့ဖြစ်သည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...