Social Icons

Pages

Tuesday, February 2, 2016

လားရှိုးမြို့ ရပ်ကွက်(၁၂)တွင် နင်းမိုင်းနှင့် ဆက်စပ်ပစ္စည်းများတွေ့ရှိ


သိမ်းဆည်းရမိသည့် နင်းမိုင်း ၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်

နေပြည်တော် ၊ ၂-၂-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၂ဝ)၊ အိမ်အမှတ် (၂၉၃)ရှိ ကားဝပ်ရှော့ ခြံဝင်းအဝင် တံခါးတွင် မသင်္ကာဖွယ်ရာ အနက်ရောင် ပလတ်စတစ်အိတ် တစ်အိတ် တွေ့ရှိကြောင်း ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ၄င်းခြံပိုင်ရှင်မှ ဖုန်းဖြင့် သတင်းပို့ချက်အရ နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ ပလတ်စတစ်အိတ် အတွင်းမှ စနက်တံပါ ပလတ်စတစ် နင်းမိုင်း အသေးတစ်လုံး ၊ ကျည် ၃၃ တောင့်တို့ကို တွေ့ရှိခဲ့သည်။ ထို့ပြင် ယင်း ပလတ်စတစ်အိတ် အတွင်းမှ တရုတ်ဒင်္ဂါးပြား သတ္တုစပ် နှစ်ပြား၊ လက်ပတ်ကြိုး မပါသည့် OP တံဆိပ် ရွှေရောင်နာရီ တစ်လုံး၊ အဆစ်ပုံ စတီးဆွဲကြိုး တစ်ကုံး၊ ဖန်စီစတီး ဆွဲကြိုးအသေး တစ်ကုံး၊ သံပြား သုံးခု၊ လော့ကတ်သီး တစ်ခု၊ နှစ်ပေခွဲခန့်ရှိ ချိတ်ပါသံကြိုး တစ်ချောင်း၊ ကော်ဘူးငယ် သုံးခု၊ သံလက်ကိုင်ဂွ တစ်ခုနှင့် အစိမ်းရောင် ဖျင်စဖြင့် ချုပ်ထားသည့် ချုံ့အိတ်တစ်လုံး တို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

သိမ်းဆည်းရမိသည့် ခဲယမ်းနှင့် ပစ္စည်းများအား နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာတပ် တွင် စနစ်တကျ ထိန်းသိမ်းထား ရှိပြီး လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...