Social Icons

Pages

Wednesday, January 13, 2016

ရိခေါဒါရ်ဒေသ၌ မျောက်ငိုသီးများ ဈေးကွက်အတွင်း ဝယ်လိုအားများပြီးဈေးကောင်း



ရိခေါဒေါရ် ၊ ၁၃-၁-၂ဝ၁၆

ယခုနှစ် ပွင့်လင်းရာသီတွင် ချင်းပြည်နယ် ရိခေါဒါရ်ဒေသ၌ ရာသီပေါ်သီးနှံ တစ်မျိုးဖြစ်သည့် မျောက်ငိုသီး (ဒေသအခေါ်) ဇောင်တများ ဈေးကွက်အတွင်း ယခင်နှစ်ကထက် ၀ယ်အားပိုမို များပြားပြီး ဈေးကောင်း ရရှိလျက် ရှိကြောင်း သိရသည်။

အဆိုပါ မျောက်ငိုသီးများကို ရိခေါဒါရ်ဒေသမှ ထွက်ရှိသော မျောက်ငိုသီးများ သာမက ကလေးနှင့် တီးတိန်မြို့နယ် တို့မှ အများဆုံးစိုက်ပျိုး ရောင်းချတင်သွင်း လာခြင်းဖြစ်ရာ မျောက်ငိုသီး တစ်တောင့်လျှင် အရွယ်အစားပေါ် မူတည်၍ ငွေကျပ် ၁ဝဝ မှ ငွေကျပ် ၁၅ဝ နှုန်းဖြင့် ရိဒ်နယ်စပ်ဒေသ ၌ ရောင်းချသည့်အပြင် တစ်ဖက် အိန္ဒိယနိုင်ငံ မီဇိုရမ်နှင့် မဏိပူရ်ပြည်နယ် ဘက်သို့လည်း အများဆုံးတင်ပို့ ရောင်းချကြောင်း ဒေသခံ မျောက်ငိုသီး အရောင်းအဝယ် လုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။

''အသီးထွက်ကောင်းတဲ့ မျောက်ငိုပင် တစ်ပင်က မျောက်ငိုသီး ရောင်းရငွေ အနည်းဆုံး ငွေကျပ် တစ်သိန်းခွဲကနေ နှစ်သိန်းအထိ ရနိုင်ပါတယ်။ မျောက်ငိုသီး တစ်ခိုင်မှာ အတောင့် ၁ဝ တောင့်ကနေ အတောင့် ၂ဝ အထိ ရှိနိုင်ပါတယ်။ မျောက်ငိုပင်တွေ အောင်မြင်စွာ စိုက်ပျိုးနိုင်ပြီးတော့ အခုအခြေအနေ အတိုင်း ဈေးနှုန်း ဈေးကွက် ဆက်လက် ကောင်းသွားဖို့ မျှော်လင့်ပါတယ်။ မိသားစု တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိနိုင် ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောကြားသည်။

မျောက်ငိုပင်သည် တစ်နှစ်သားပျိုးပင် စိုက်ပါက ငါးနှစ်သားတွင် အသီးသီးကာ နှစ်စဉ် နယ်စပ် ဈေးကွက်တွင် မျောက်ငိုပင် တစ်ပင်လျှင် ငွေကျပ် သုံးသိန်းခန့်အထိ ဈေးကောင်းရ နေသောကြောင့် ချင်းပြည်နယ်အပြင် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့၊ တမူးမြို့ရှိ နယ်စပ်ဒေသများနှင့် ချင်းတွင်းမြစ် အထက်ပိုင်း နာဂတောင်တန်း ဒေသတို့၌ တစ်ပိုင်တစ်နိုင် အဖြစ် စိုက်ပျိုးလာသူ တစ်နေ့တခြား များပြားလာကြောင်း၊ မျောက်ငိုပင်များ အဖူးဖူးချိန်တွင် အသီး အရွယ်အစား ကို ခန့်မှန်း၍ ငွေကျပ် တစ်သိန်းကျော် အထိ ဈေးရရှိကြောင်း သိရသည်။

ထယ်လ်ဏ

မြ၀တီနေ့စဉ် ၊ စာ(၂၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...