Social Icons

Pages

Tuesday, January 19, 2016

ပြည်တွင်းထုတ် ငံပြာရည်များကို ထိုင်းနှင့် မလေးရှားနိုင်ငံတို့သို့ တင်ပို့ရောင်းချမည်



ရန်ကုန် ၊ ၁၉-၁-၂၀၁၆

လက်ရှိတွင် ပြည်ပသို့ ငါး၊ ပုစွန်၊ ကဏန်း၊ ပုစွန်ခြောက်၊ ငါးစည်ဖောင်း၊ ငါးလိပ်ကျောက်ခွံ၊ ခရု၊ ကင်းမွန်၊ ရေဘဝဲနှင့် ငါးခြောက်များ ကိုသာ အိမ်နီးချင်းနိုင်ငံ များသို့ တင်ပို့နေ သော်လည်း ငံပြာရည်ကို တင်ပို့ ရောင်းချခြင်း မရှိသေး သောကြောင့် ၂ဝ၁၆ ခုနှစ် နှစ်လယ်ပိုင်းမှ စ၍ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့သို့ ပြည်တွင်းထုတ် ငံပြာရည်များကို တင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။

''မြန်မာ့ ပင်လယ်ပြင်နဲ့ ရေချို မြစ်ချောင်းတွေက ထွက်တဲ့ ရေထွက် ပစ္စည်းတွေ အိမ်နီးချင်း နိုင်ငံတွေကို တင်ပို့နေရ ပေမယ့် ငံပြာရည်တင်ပို့မှု ကတော့ မရှိသေးပါဘူး။ ဒါကြောင့် ရေထွက်ပစ္စည်း တင်ပို့တဲ့ နေရာမှာ ငံပြာရည်နဲ့ ငါးပိကို တင်ပို့ရောင်းချမှု တွေပြုလုပ်ဖို့ စီစဉ် ဆောင်ရွက်နေ ပါတယ်။ အခု ပြည်ပ ဈေးကွက်ကို တင်ပို့ဖို့ အခြေအနေတွေ ဖြစ်လာပါတယ်''ဟု ဘိုကလေး မြို့နယ်ရှိ ပင်လယ်ရေလုပ်ငန်း ပိုင်ရှင်တစ်ဦးက ပြောသည်။

ပြည်တွင်း၌ အရသာ အထူး ကောင်းမွန်သည့် ငံပြာရည်များအား ပြည်ပသို့ တင်ပို့ရာတွင် အနံ့အသက် ကင်းကာ အရောင်အဆင်း ကောင်းမွန်စေရန် ခေတ်မီ နည်းပညာများဖြင့် ပြုပြင် ထုတ်လုပ်ပြီး တင်ပို့မည် ဖြစ်သည်။

မြန်မာ့ ပင်လယ်ကမ်းခြေ ဒေသများတွင် ငံပြာရည်အား အကြမ်းရည်၊ ပြည်တော်သာရည်၊ ဆုံပြန်ရည်နှင့် ဆုံတုံရည် ဟူ၍ လေးမျိုး ထုတ်လုပ်ရောင်းချ နေပြီး လက်ရှိမှာ ဆုံတုံရည် အမျိုးအစား ငံပြာရည် များသာ ဈေးကွက်ထဲသို့ ရောက်ရှိ နေကာ တခြားငံပြာရည် များမှာ ဈေးကွက်အတွင်း လျော့နည်း သွားကြောင်း မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ်သူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...