Social Icons

Pages

Tuesday, December 15, 2015

ပုပ္ပားတောင်မကြီးအား တန်ဖိုးထား ထိန်းသိမ်းလိုစိတ်များ ပေါ်ပေါက်လာစေရန် ပုပ္ပားတောင်တက်ပွဲ ကို ဒီဇင်ဘာ ၂၅ ရက်တွင် ပြုလုပ်မည်



ပုပ္ပား ၊ ၁၅-၁၂-၂၀၁၅

ပုပ္ပား တောင်မကြီးအား တန်ဖိုးထား ထိန်းသိမ်းလိုစိတ်များ ပေါ်ပေါက် လာစေရန်နှင့် တောတောင် သဘာဝနှင့် သစ်ပင်များအား ချစ်ခင်မြတ်နိုး တတ်စေရန် ရည်ရွယ်၍ ပုပ္ပားတောင် ချစ်သူများ အသင်းမှ ပြုလုပ်မည့် ပုပ္ပား တောင်တက်ပွဲကို ဒီဇင်ဘာ ၂၅ ရက်တွင် ပြုလုပ်မည် ဖြစ်ပြီး လူဦးရေ ထောင်ချီပါဝင် ဆင်နွှဲမည် ဖြစ်ကြောင်း သိရသည်။

ပုပ္ပား တောင်တက်ပွဲကို နှစ်စဉ် ကျင်းပလေ့ရှိရာ ယခုနှစ်တွင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှလည်း ပူးပေါင်း ပါဝင်မည် ဖြစ်ပြီး ပတ်ဝန်းကျင် မြို့နယ် များ ဖြစ်သည့် ကျောက် ပန်းတောင်း၊ ချောက်၊ ညောင်ဦး၊ တောင်သာ အစရှိသည့် ဒေသများမှ လူဦးရေ ထောင်ချီ ပါဝင်ဆင်နွှဲ ကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုပ္ပား တောင်တက်ပွဲတွင် တောင်ခြေသို့ သွားရောက်ရန် ဘတ်စ်ကား ငါးစီးစီစဉ် ပေးထားပြီး နံနက် ၅ နာရီမှ စတင်ကာ တောင်တက်ကြမည် ဖြစ်ကြောင်း၊ နံနက်စာ အတွက် ကောက်ညှင်း ငချိပ်ပေါင်းကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသည့် အနေဖြင့် ငှက်ပျောဖက် ဖြင့်ထုပ်ကာ ကျွေးမွေးမည် ဖြစ်ကြောင်း သိရသည်။

ပုပ္ပား တောင်မကြီးသည် အမြင့် ၄၉၈၁ ပေရှိပြီး မီးတောင်ဟောင်း တစ်ခုဖြစ်ကာ ပေ ၂ဝဝဝ၊ ၃ဝဝဝ ခန့် နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီး ရှိကြောင်း၊ ပုပ္ပားတောင် ဥယျာဉ် (Popa Mountain National Park) ကို ၁၉၈၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း အဖြစ် ဆောင်ရွက်ခဲ့ကာ ဧရိယာ ၄၉ ဒသမ ၆၃ စတုရန်းမိုင် ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...