Social Icons

Pages

Wednesday, November 18, 2015

ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်တွင် တရားမ၀င် သစ်များတင်ဆောင်ထားသော စက်လှေတစ်စီး ဖမ်းဆီးရမိ



နေပြည်တော် ၊ ၁၈-၁၁-၂၀၁၅

တပ်မတော်(ရေ) မှ စစ်ရေယာဉ် တစ်စင်းသည် ပင်လယ်ပြင် လုံခြုံရေး ဆောင်ရွက်စဉ် Black Rock ကျွန်း အနောက်တောင်ဘက် ၂ ဒသမ ၁ မိုင်ခန့် အကွာ၌ နိုဝင်ဘာ ၁၆ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် မြောက်မှ တောင်သို့ မောင်းနှင်လာသည့် တရားမဝင် သစ်ခွဲသား ၁ဝ တန်ခန့် တင်ဆောင်လာသော စက်လှေ တစ်စင်းအား တရားခံ လေးဦးနှင့် အတူ ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိ တရားခံများအား စစ်ဆေး ဖော်ထုတ်ချက် အရ ၄င်းစက်လှေနှင့် သစ်ပိုင်ရှင်မှာ ငရုတ်ကောင်း မြို့နယ်ခွဲ၊ စပါးကြီးကျေးရွာ အုပ်စု၊ ငှက်ပျောချောင်း ကျေးရွာမှဖြစ်ပြီး သစ်များအား ငှက်ပျောချောင်း ကျေးရွာမှ မြောင်းမြမြို့ သို့ သွားရောက် ရောင်းချရန် ထွက်ခွာလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသည့် တရားခံများ၊ သစ်များနှင့် စက်လှေတို့အား ဟိုင်းကြီးကျွန်း မြို့နယ် ခွဲဆိပ်ကမ်းသို့ ခေါ်ဆောင်၍ လွှဲပြောင်းပေး နိုင်ရေးနှင့် ဆက်စပ် တရားခံများအား ဖမ်းဆီးရမိရေး လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...