Social Icons

Pages

Tuesday, November 24, 2015

မြန်မာနိုင်ငံအတွင်း ကျက်စားနေထိုင်သော တောရိုင်းတိရစ္ဆာန် မျိုးစိတ်များ စစ်တမ်းကောက်ယူခြင်းကို ၂၀၁၆ ခုနှစ်မှ စတင်မည်



ရန်ကုန် ၊ ၂၄-၁၁-၂၀၁၅

မြန်မာနိုင်ငံ အတွင်း ကျက်စား နေထိုင်သော တောရိုင်းတိရစ္ဆာန် မျိုးစိတ်များ စစ်တမ်း ကောက်ယူခြင်းကို ၂ဝ၁၆ ခုနှစ်မှစတင်ကာ Action Plan များရေးဆွဲ၍ ပြည်တွင်းပြည်ပ အဖွဲ့အစည်း များနှင့် ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက် ထိန်းသိမ်းရေး ဌာနမှ သိရသည်။

ထိုသို့ တောရိုင်း တိရစ္ဆာ န်များ စစ်တမ်း ကောက်ယူပြုစု ရာတွင် ကုန်းနေ၊ ရေနေသတ္တဝါ၊ တွားသွား သတ္တဝါ၊ နို့တိုက်သတ္တဝါ နှင့်အသားစား သတ္တဝါ တို့ကို စစ်တမ်း ကောက်ယူမည် ဖြစ်ပြီး စစ်တမ်း ကောက်ယူပြီးပါက မြန်မာ နိုင်ငံအတွင်းရှိ သားရဲတိရစ္ဆာန် မျိုးစိတ်များကို ရှာဖွေဖော်ထုတ် နိုင်မည်ဖြစ်ကာ ထိန်းသိမ်း စောင့်ရှောက်မှုများ ပိုမို လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်တမ်း ကောက်ယူခြင်းကို ကာလရှည် အစီအစဉ် အဖြစ် လုပ်ဆောင်ရာတွင် DNA နည်းလမ်း များဖြင့် စစ်ဆေးခြင်း၊ ထောင်ချောက် ကင်မရာများ တပ်ဆင်ခြင်း နှင့် ခြေရာများကို ခွဲခြားရန် စစ်ဆေးခြင်း အစရှိသော သိပံ္ပနည်းကျ ပြန်လည် စစ်တမ်း ကောက်ယူမည် ဖြစ်ပြီး လက်ရှိတွင် တရားဝင် သတ်မှတ်ထားသော ဘေးမဲ့တော များ၌သာ သားရဲတိရစ္ဆာန် မှတ်တမ်းစာရင်း များကို ရရှိပြီး သော်လည်း နိုင်ငံအတွင်းရှိ သားရဲ တိရစ္ဆာန် မျိုးစိတ်များကို ဖော်ထုတ် နိုင်ခြင်း မရှိသေးကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံသည် မျိုးသုဉ်းမှု အန္တရာယ်နှင့် နီးကပ်နေသည့် တောရိုင်း တိရစ္ဆာန်များ နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး အတွက် ကမ္ဘာလုံးဆိုင်ရာ ဦးစားပေး စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်နေပြီး မျိုးသုဉ်း အန္တရာယ်နှင့် နီးကပ်နေသည့် တောရိုင်း တိရစ္ဆာန် မျိုးစိတ် အနည်းဆုံး ၁ဝ၃ မျိုးနှင့် ကမ္ဘာလုံး ဆိုင်ရာ မျိုးသုဉ်းလုနီး မျိုးစိတ် ၂၃၃ မျိုး နေထိုင် ကျက်စားလျက် ရှိသည်။ အဆိုပါ မျိုးစိတ်များတွင် မျိုးသုဉ်းလု နီးပါး အန္တရာယ် ရှိသော Critically Endangered မျိုးစိတ် ၃၇ မျိုးနှင့် မျိုးသုဉ်းရန် အန္တရာယ်ရှိသော Endangered မျိုးစိတ် ၆၅ မျိုး ပါဝင်ကြောင်း သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) မှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...