နေပြည်တော် ၊ ၉-၁၀-၂၀၁၅
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်တွင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရောက်ရှိနေသော အိန္ဒိယနိုင်ငံ ရေတပ်မှ စစ်ရေယာဉ် INS KHUKRI သည် ယမန်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့ သန်လျင် သီလဝါဆိပ်ကမ်း MITT တံတားမှ ပြန်လည် ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ စစ်သံမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများမှ ပို့ဆောင် နှုတ်ဆက် ကြသည်။
အဆိုပါ စစ်ရေယာဉ်တွင် အိန္ဒိယနိုင်ငံ ရေတပ်မှ CDR P SASIKUMAR ဖြစ်သူဦးစီး၍ အရာရှိ ၁၈ ဦး ၊ အခြားအဆင့် ၁၂၅ ဦး ၊ စုစုပေါင်း ၁၄၃ ဦးလိုက်ပါ လာပြီး မြန်မာနိုင်ငံတွင် အောက်တိုဘာ ၆ ရက်မှ ၈ ရက်အထိ သုံးရက်ကြာနေထိုင်၍ လေ့လာရေး ခရီးစဉ်များ သွားရောက် ခဲ့ကြကြောင်း သိရှိရသည်။
မြ၀တီနေ့စဉ် ၊ စာ(၁၄)
#Themyawadydaily


No comments:
Post a Comment