Social Icons

Pages

Wednesday, October 21, 2015

တောင်တရုတ်ပင်လယ် လူလုပ်ကျွန်းတွင် ရေပိုင်နက် ၁၂ မိုင်ကို တရုတ်တို့က တောင်းဆိုလိုက်ခြင်းသည် အမေရိကန်ရေတပ် အား စိန်ခေါ်မှုဖြစ်လာ




တောင်တရုတ် ပင်လယ်တွင် လူလုပ်ကျွန်းဆက် များအတွက် တရုတ်တို့၏ တောင်းဆိုချက်များ ဖြစ်သည့် ရေပိုင်နက် ၁၂ မိုင် ပိုင်နက်ပင်လယ် သတ်မှတ်ချက် အတွင်းသို့ အမေရိကန်က ရေတပ် စစ်သင်္ဘော တစ်စင်း စေလွှတ်ရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

ထိုသို့ စစ်သင်္ဘော လွှတ်ရန် ရက်ပိုင်းအတွင်း ဖြစ်သော်လည်း အိုဘားမား အစိုးရထံ ခွင့်ပြုချက် တင်ပြတောင်းခံ နေလျက် ရှိသဖြင့် စောင့်ဆိုင်း နေရကြောင်း အမေရိကန် အရာရှိများက Navy Times သို့ ပြောကြားသည်။

စစ်သင်္ဘော တစ်စင်းကို ပတ်ဝန်းကျင် ရှုပ်ထွေးလှသော စပရက်တလီ ကျွန်းများ နေရာသို့ဖြတ်၍ စေလွှတ်ရန် အစီအစဉ်များမှာ မေလ ကတည်းက ကောလာဟလ ထွက်လာခဲ့ရာ ပင်တဂွန် အရာရှိများ၏ Navy Times သို့ ပြောကြားချက်မှာ အနာဂတ် စစ်ဆင်ရေးများ ခွင့်ပြုချက်သည် ထင်ရှားစွာ ထွက်ပေါ် လာတော့မည်ဟု ယုံကြည်ကြောင်း သိရသည်။ သဘောတူ ခွင့်ပြုခဲ့ပါက ၂ဝ၁၂ ခုနှစ် ကတည်းက အမေရိကန် ရေတပ်ကို တရုတ်တို့ တောင်းဆိုနေသော ကျွန်းများ၏ ပိုင်နက်ပင်လယ် သတ်မှတ်ချက်အား ပထမဆုံး အကြိမ် တိုက်ရိုက် စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။

သန္တာကျောက်တန်း များကို ကုန်းမြေဖို့၍ ကျွန်းတုများ တည်ဆောက် ပြီးနောက် တရုတ် နှင့် အမေရိကန်၊ ဖိလစ်ပိုင်နိုင်ငံ တို့အပါအဝင် မဟာမိတ် အများအပြား တင်းမာမှုများ ဖြစ်ပွား လာခဲ့သည်။ ၂ဝ၁၃ ခုနှစ် ကတည်းက တရုတ်တို့ အဆိုပါ စီမံကိန်း စတင်နေကြောင်း သတင်းရခဲ့သည်။ တရုတ်တို့ တည်ဆောက်သော ကျွန်းများသည် အမေရိကန်နှင့် တခြား နိုင်ငံများအတွက် ဥပဒေနှင့် မညီ၍ ပြဿနာ ဖြစ်စေသည်။ ၄င်းတို့က ဒေသဆိုင်ရာ ကျူးကျော်မှု ဟူ၍ စွပ်စွဲကြသည်။

အမျိုးသား လုံခြုံရေး ကောင်စီမှ ပြောရေးဆိုခွင့် ရသူက ကာကွယ်ရေး ဌာနသို့ ရေတပ်၏ အစီအစဉ်များနှင့် ပတ်သက်၍ မေးရာ မေးခွန်းများ ကွဲလွဲ နေခဲ့သည်။ သို့သော် စက်တင်ဘာ ၂၈ ရက်က အိုဘားမားက ကုလသမဂ္ဂ အဖွဲ့များ ညီလာခံ မတိုင်မီ၌ ပြောခဲ့ရာတွင် ရေလမ်းကြောင်း သွားလာရေး လွတ်လပ်ခွင့် အခြေခံမူ များအရ ဦးထိပ်ထားလျက် ကူးသန်း ရောင်းဝယ်ရေး လွတ်လပ်စွာ ပြုလုပ်ခွင့် အငြင်းပွားမှု များကို နိုင်ငံတကာ ဥပဒေအရဖြေရှင်းရန် ဖြစ်ပြီး အင်အားကြီးသူ လုပ်တာ မှန်သည်ဟူသော အဓမ္မဥပဒေ ကို မသုံးဟု ပြောကြား ခဲ့သည်။

ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့် ရသူ ဘီလ်အာဘန် က အနာဂတ် စစ်ဆင်ရေး များကို မပြောခဲ့ပေ။ သူက အမေရိကန် ပြည်ထောင်စု သည် နိုင်ငံတကာ ဥပဒေက ခွင့်ပြုသည့် တစ်ကမ္ဘာလုံးမှ နေရာအားလုံး အတွက် လေယာဉ်များ ပျံသန်းမည်။ သင်္ဘောများ ခုတ်မောင်း သွားလာမည်ဟု ပြောကြား ခဲ့သည်။ အမေရိကန် ပစိဖိတ် စစ်ဌာနချုပ်မှူး ရေတပ် ဗိုလ်ချုပ်ကြီး စကော့ဆွစ်ဖ် က သြစတြေးလျ ရေကြောင်း ညီလာခံတွင် တချို့နိုင်ငံ များသည် နိုင်ငံတကာ ဥပဒေကို မလိုက်နာဘဲ ပြုမူနေ ကြကြောင်း၊ တရုတ်တို့နှင့် အငြင်းပွားမှု ဆက်လက် ဖြစ်နေခြင်းကို ရည်ညွှန်း ပြောကြား လိုက်သည့် နောက်တစ်ရက် တွင် စစ်ကစားမှု ဆိုင်းငံ့သည့် သတင်း ဝင်လာခြင်း ဖြစ်သည်။

တချို့နိုင်ငံများက ပင်လယ်ရေလမ်း လွတ်လပ်ခွင့်ကို ဆုပ်ကိုင် ထားသည်ဟု မြင်ကြသည်။ တစ်စုံတစ်ရာကို ဆွဲယူချပြီး ပြည်တွင်း ဥပဒေ ပြဋ္ဌာန်းခြင်း သို့မဟုတ် နိုင်ငံတကာ ဥပဒေကို ကိုယ်လိုရာ ပြန်၍ အဓိပ္ပာယ် ဖွင့်ဆိုခြင်းများ ပြုကြကြောင်း စကော့ဆွစ်ဖ် က ပြောသည်။ တချို့နိုင်ငံ များက ရေလျှံမှု သတိပေးခြင်း များနှင့် သူတို့၏ စီးပွားရေး ခြွင်းချက်ဇုန် ပင်လယ်ရေလမ်း သွားလာမှု လွတ်လပ်ခွင့် ကိုလည်း ကန့်သတ်ခြင်း ဟု မြင်ကြသည်။ ပိုင်နက်ပင်လယ် အခွင့်အရေး တောင်းဆို ခြင်းသည် ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်းနှင့် လည်း မညီညွတ်ဟု ပြောကြား ခဲ့သည်။

အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လက်ထောက် ကာကွယ်ရေး ဝန်ကြီး ဒေးဗစ်ရှီးယား က စက်တင်ဘာလ တွင် အထက်လွှတ်တော် လက်နက်ကိုင် တပ်များရေးရာ ကော်မတီတွင် ရေတပ်သည် ၂ဝ၁၂ ခုနှစ် ကတည်းက ထိုကျွန်းများတွင် ရေမိုင် ၁၂ မိုင်အတွင်း ခုတ်မောင်းခြင်း၊ ပျံသန်းခြင်း မပြုခဲ့ကြောင်း တရုတ်တို့ ကျွန်းတည်ဆောက် ခြင်းကို တောင် တရုတ်ပင်လယ် ခြောက်နိုင်ငံမှ နယ်မြေ ပိုင်ဆိုင်မှု တောင်းဆို ကြသည်။ ထိုနေ့ ညနေပိုင်းတွင် အောက်လွှတ်တော် လက်နက်ကိုင် တပ်များရေးရာ ကော်မတီဝင် ရန်ဒီဖော့ကန် က ၂ ပါတီ အောက်လွှတ်တော် အမတ် ၂၉ ဦးတို့အား ကျွန်းများ တည်ဆောက်သော စီမံကိန်းသည် လွတ်လပ်စွာ ရေကြောင်း သွားလာခွင့် နှင့် ဒုတိယ ကမ္ဘာစစ်ပြီး ကတည်းက နိုင်ငံတကာနှင့် ငြိမ်းချမ်းစွာ နေသားတကျ ရှိနေမှုတို့ကို ခြိမ်းခြောက်မှု အန္တရာယ်ဟု ခေါ်ဆိုကြောင်း လက်မှတ် ရေးထိုးထားသော စာတစ်စောင်ကို ပေးပို့ခဲ့သည်။

ဤလုပ်ရပ်များကို တားဆီးရန်နှင့် အနာဂတ် ဒေသ၏ တည်ငြိမ်မှု ပျက်ပြားခြင်းကို ကြိုတင် ကာကွယ်ရန် အမေရိကန် ပြည်ထောင်စု အနေဖြင့် တောင်တရုတ် ပင်လယ်တွင် လွတ်လပ်စွာ ရေကြောင်း သွားလာခွင့် ဆက်လက် ထိန်းသိမ်းရေးကို အပြည့်အဝ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။ ရေတပ်သင်္ဘော များနှင့် လေယာဉ်များသည် တရုတ်ဘက်သို့ သတင်းပေးပို့၍ ထိုကျွန်းများကို ဖြတ်သွား နေကြရသည်။

အစီရင်ခံစာများ အရ အမေရိကန် ပြည်ထောင်စုသည် တရုတ်တို့၏ မေလတွင် ရေပေါ်၌ ပေါ်လာသည့် ကျွန်းများ အရေးကို စိန်ခေါ်ရန် စီစဉ်လျက် ရှိနေသည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက သက်ဆိုင်ရာ နိုင်ငံများ အန္တရာယ် မဖြစ်အောင် ထိန်းသိမ်းကြရန် တိုက်တွန်းကြောင်း ဝေါလ်စတိ ဂျာနယ်တွင် ဖော်ပြထားသည်။ အမေရိကန် ပြည်ထောင်စုနှင့် တရုတ်၏ အိမ်နီးချင်း နိုင်ငံများက တရုတ်တို့သည် ထို ကျွန်းများတွင် စစ်ဘက်ဆိုင်ရာ တပ်ဆင်မှုများ ပြုလုပ်နေ၍ စိုးရိမ်မကင်း ဖြစ်ကြရကြောင်း ပြောကြသည်။ ဇွန်လတွင် ပေ ၁ဝဝဝဝ ရှည်သည့် ကျွန်းတစ်ခု ပေါ်ရှိ လေယာဉ် ပြေးလမ်းသည် စစ်လေယာဉ်ကို အတက်အဆင်း ပြုလုပ်ရန် လုံလောက်ကြောင်း ရေပေါ်ကျွန်းတု တည်ဆောက်ပြီး ခါနီးတွင် ပြောကြားသည်။

တရုတ်တို့က တောင်တရုတ် ပင်လယ် တစ်ခုလုံး နီးပါးကို တောင်းဆိုထားပြီး အိမ်နီးချင်း ဒေသများလည်း ချက်ချင်း ပြောဆိုကြ ရာတွင် ဗီယက်နမ်က အမေရိကန်ကို တရုတ် ကျူးကျော် ရန်လိုသူ အဖြစ် ရှုမြင်ရန် ပြောကြား ကြောင်း သိရသည်။ သို့ဖြစ်၍ တောင်တရုတ် ပင်လယ်တွင် တရုတ်တို့၏ လုပ်ရပ်များနှင့် ဒေသတွင်းနိုင်ငံ များ၏ ပြဿနာကို သိရှိနိုင်ရန် ဘာသာပြန်ဆို လိုက်ရပါသည်။

ကိုကိုဟန်

မြ၀တီနေ့စဉ် ၊ စာ(၂၂)

What to expect if the US sails the disputed South China Sea

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...