Social Icons

Pages

Thursday, October 8, 2015

ကြောင်များတွင် ကူးစက်မြန် တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိ


ရန်ကုန် ၊ ၈-၁၀-၂၀၁၅

ယခုလပိုင်း အတွင်း အိမ်မွေးတိရစ္ဆာ န် ကြောင်များတွင် ကူးစက်မြန် တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း များပြားလာရာ ကြောင်မွေးထား သူများအနေဖြင့် အထူး သတိပြုရန် လိုအပ်ကြောင်း တိရစ္ဆာ န် မွေးမြူရေးနှင့် ကုသရေး ဆရာဝန်များက သတိပေး ထားသည်။

နှစ်စဉ် အောက်တိုဘာလ မှ ဒီဇင်ဘာလ အထိ ကြောင်တုပ်ကွေးရောဂါ အဖြစ်များရာ ကြောင်ပိုင်ရှင်များ အနေဖြင့် ကြောင်များ၏ ပြုမူနေထိုင်ပုံကို ဂရုစိုက်ရန် လိုအပ်ကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာလ တွင် တိရစ္ဆာန် ဆေးကုခန်းသို့ ကြောင် အကောင်ရေ ၁ဝဝ ခန့် လာရောက် ပြသခဲ့ရာ အကောင်ရေ ၈ဝ ကျော်မှာ ကြောင်တုပ်ကွေး ရောဂါ ဖြစ်ပွားနေကြောင်း သိရသည်။

''ဒီရာသီက ကြောင်တုပ်ကွေး ရောဂါ ဖြစ်ပွားတတ်တဲ့ ရာသီဥတု ဆိုတော့ အိမ်မှာ ကြောင်မွေးထား သူတွေအနေနဲ့ သတိထားပြီး စောင့်ကြည့် သင့်တယ်။ ကြောင်တွေအတွက် ပြင်းထန်တဲ့ ရောဂါတစ်မျိုး ပါပဲ။ ကူးစက်တာ ကလည်း အရမ်းမြန်တဲ့ အတွက် တစ်ကောင်ဖြစ်ပြီ ဆိုတာနဲ့ တခြားကြောင်တွေ ကိုပါ ကူးစက်တတ် တာကြောင့် သတိထား သင့်တယ်'' ဟု ဒေါက်တာ အောင်ကျော်ဦး က ပြောသည်။

ကြောင်တုပ်ကွေး ရောဂါသည် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပြီး တုပ်ကွေး ဖြစ်နေသည့် ကြောင်တစ်ကောင်နှင့် တခြားကြောင် တစ်ကောင် ထိတွေ့ပါက ရောဂါလျင်မြန်စွာ ကူးစက်တတ်ကြောင်း၊ မွေးကင်းစ ကြောင်ပေါက် များနှင့် ကိုယ်ခံအား ကျနေသည့် ကြောင်များ တုပ်ကွေးရောဂါ ဖြစ်ပွားပါက အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

တုပ်ကွေး မိနေသည့် ကြောင်၏ လက္ခဏာ များမှာ မျက်လုံးရောင်ခြင်း၊ မျက်ဝတ်ထွက်ခြင်း၊ နှာရည်ထွက်ခြင်း တို့ ဖြစ်တတ်ကြောင်း သိရသည်။

ဝိုင်းဝိုင်း

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...