ရန်ကုန် ၊ ၁၅-၁၀-၂၀၁၅
ရန်ကုန်တိုင်း ဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သက်တမ်းကြာ ယာဉ်အို၊ ယာဉ်ဟောင်း အစီးရေ တစ်သိန်းကျော် အပ်နှံမှုကို လက်ခံ ဆောင်ရွက်ပေး ခဲ့ကြောင်း ရန်ကုန် အနောက်ပိုင်းခရိုင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
တိုင်းဒေသကြီး ဦးစီးမှူးရုံး (ရန်ကုန်) တွင် ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ သက်တမ်းကြာ ယာဉ်အို၊ ယာဉ်ဟောင်း အစီးရေ ၁ဝ၂၄၇ဝ စီးအပ်နှံမှုကို ဆောင်ရွက် ပေးခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မှစတင်၍ သက်ဆိုင်ရာ မှတ်ပုံတင်နယ်မြေ ခရိုင်ရုံးများတွင် အပ်နှံမှုကို လက်ခံပေးခဲ့ရာ သြဂုတ် ၃ ရက်အထိ အပ်နှံအစီးရေ ၈ဝ၆၈ စီး လက်ခံခဲ့ကြောင်း သိရသည်။
''ပိုင်ရှင်တွေ လာအပ်ရင် လက်ခံတယ်။ လာအပ်ပါတယ် ဆိုတဲ့ စလစ်ထုတ်ပေး လိုက်တယ်။ သီလဝါမှာ လာအပ်လို့ လက်ခံရရှိတယ် ဆိုတဲ့ တံဆိပ်ထုပေး လိုက်ရင် ပါမစ်လျှောက်လို့ ရပြီ။ မြင်းခြံ သံရည်ကျို စက်ရုံနဲ့ သီလဝါ သင်္ဘောဖျက် စက်ရုံမှာ အပ်ပြီးတဲ့ ကားဟောင်းတွေကို အရည်ကျိုပြီး ဖျက်သိမ်းတာပါပဲ'' ဟု ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး ရုံးခွဲနှင့် ခရိုင်ရုံးလေးခု တို့တွင် သက်တမ်း ကြာမြင့်သည့် ယာဉ်များ မှတ်ပုံတင် ဖျက်သိမ်းရေးနှင့် အစားထိုးယာဉ် တင်သွင်းရေး စီမံချက်အရ လက်ခံ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (၄၄၇)
မြ၀တီနေ့စဉ် ၊ စာ(၄)
#Themyawadydaily


No comments:
Post a Comment