Social Icons

Pages

Wednesday, October 21, 2015

ရေနံထွက်ပစ္စည်း သိုလှောင်ခွင့်လိုင်စင်များ နိုဝင်ဘာ ၁ ရက်မှစတင်၍ သက်တမ်းတိုးမြှင့် လျှောက်ထားနိုင်


ရန်ကုန် ၊ ၂၁-၁ဝ-၂ဝ၁၅

ရေနံထွက်ပစ္စည်း သိုလှောင်ခွင့် လိုင်စင်များအား နိုဝင်ဘာ ၁ ရက်မှစတင်၍ သက်တမ်းတိုးမြှင့် လျှောက်ထားနိုင်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန သတ္တုတွင်း ဦးစီးဌာန စစ်ဆေးရေး ဌာနခွဲ၏ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ရေနံထွက်ပစ္စည်း သိုလှောင်ခွင့် လိုင်စင်များ သက်တမ်း တိုးမြှင့်မှုကို နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း လျှောက်ထား ရမည်ဖြစ်ကာ ပျက်ကွက်သည့် လိုင်စင်များကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ ရက်လွန် ဒဏ်ကြေးအဖြစ် တစ်ရက်လျှင် သိုလှောင်ခွင့် လိုင်စင်ကြေး၏ ၂ ရာခိုင်နှုန်း အား ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ သက်တမ်းတိုးမြှင့် လျှောက်ထားရာတွင် သတ္တုတွင်း ဦးစီးဌာနမှ ထုတ်ပေး ထားသည့် မူရင်းလိုင်စင်၊ သိုလှောင်ကန်၊ သိုလှောင်ရုံ များ၏ လက်ရှိ မှတ်တမ်းဓာတ်ပုံ များနှင့် ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး
များမှ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ အပြင် သတ်မှတ်ပုံစံဖြင့် လျှောက်လွှာများကို တင်ပြရမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရေနံထွက်ပစ္စည်း သိုလှောင်ခွင့် လိုင်စင်များသည် ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သောကြောင့် ရေနံ နည်းဥပဒေ (၁၁၉) အရ သက်တမ်းတိုးမြှင့် လျှောက်ထားရန် လိုအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

နေနေ

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...