Social Icons

Pages

Tuesday, October 6, 2015

(၁၄)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို ၊ အက ၊ အရေး အတီး ၊ အငြိမ့် ၊ ပြဇာတ် နှင့် မျက်လှည့် ပြိုင်ပွဲကျင်းပ


ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဗိုလ်ချုပ် သန်းထွန်းဦး 
(၁၄)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို ၊ အက ၊ အရေး အတီး ၊ အငြိမ့် ၊ ပြဇာတ် နှင့် မျက်လှည့် ပြိုင်ပွဲ 
ဖွင့်ပွဲတွင် အမှာစကား ပြောကြားစဉ်

နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မိုးမြင့်ထွန်း နှင့် ပြည်သူ့ဆက်ဆံရေးနှင့် 
စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း 
(၁၄)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို ၊ အက ၊ အရေး အတီး ၊ အငြိမ့် ၊ ပြဇာတ် နှင့် မျက်လှည့် ပြိုင်ပွဲ 
ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်

နေပြည်တော် ၊ ၆-၁၀-၂၀၁၅

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏ (၁၄)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော် အမှတ်(၇) တည်းခိုရေးစခန်း (ရွာတော်)ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် သန်းထွန်းဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မိုးမြင့်ထွန်း၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှ ဗဟိုအဆင့် အကဲဖြတ် ဒိုင်လူကြီးများ၊ အကြံပေး ပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူး ဗိုလ်မှူးချုပ် မိုးမြင့်ထွန်း နှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း တို့က ပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ဗိုလ်ချုပ် သန်းထွန်းဦး က အဖွင့် အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီး များက မြန်မာ့ရိုးရာ ယဉ်ကျေးမှု အကများဖြင့် ကပြဖျော်ဖြေ ကြသည်။

အဆိုပါပြိုင်ပွဲကို အောက်တိုဘာ ၁၁ ရက်အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ခေတ်ဟောင်းတေး၊ ကာလပေါ်တေး၊ ခေတ်ပေါ်တေး၊ တိုင်းရင်းသားယိမ်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုယိမ်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု (စိတ်ကြိုက်)ယိမ်း၊ တစ်ဦးချင်း အက၊ နှစ်ပါးသွား အက၊ အရေး၊ မြန်မာ့ဆိုင်းဝိုင်း (အဖွဲ့လိုက်)၊ မြန်မာ့ဆိုင်းဝိုင်း တစ်ဦးချင်း (ပတ်ဝိုင်း၊ မောင်း)၊ ခေတ်ပေါ်တီးဝိုင်း (အဖွဲ့လိုက်)၊ အငြိမ့်ပြိုင်ပွဲ (အဖွဲ့လိုက်) ၊ပြဇာတ်ပြိုင်ပွဲ နှင့် မျက်လှည့်ပြိုင်ပွဲ တို့အား ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...