![]() |
| အိန္ဒိယနိုင်ငံ ရေတပ်မှ စစ်ရေယာဉ် INS KHUKRI |
နေပြည်တော် ၊ ၇-၁၀-၂၀၁၅
အိန္ဒိယနိုင်ငံ ရေတပ်မှ စစ်ရေယာဉ် INS KHUKRI သည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရန်ကုန်မြို့၊ သန်လျင် သီလဝါဆိပ်ကမ်း MITT တံတားသို့ ယမန်နေ့ နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ စစ်သံမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများမှ ကြိုဆို နှုတ်ဆက် ကြသည်။
အဆိုပါ စစ်ရေယာဉ်တွင် အိန္ဒိယနိုင်ငံ ရေတပ်မှ CDR P SA SIKUMAR ဖြစ်သူ ဦးစီး၍ အရာရှိ ၁၈ ဦး၊ အခြားအဆင့် ၁၂၅ ဦး၊ စုစုပေါင်း ၁၄၃ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် အောက်တိုဘာ ၈ ရက်အထိ ၃ ရက်ကြာ နေထိုင်၍ လေ့လာလည်ပတ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
မြ၀တီနေ့စဉ် ၊ စာ(၁၁)
#Themyawadydaily


No comments:
Post a Comment