Social Icons

Pages

Friday, September 4, 2015

မန္တလေးခုတင် ၅၅ဝ ဆံ့ကလေးဆေးရုံဝင်း အတွင်း ကိုးထပ်ဆောင်နှင့် CT အဆောက်အအုံ ဆောက်လုပ်ရန်ရှိ



မန္တလေး ၊ ၄-၉-၂၀၁၅

ခုတင် ၅၅ဝ ဆံ့ ကလေးဆေးရုံဝင်း အတွင်းတွင် အဆင့်မီ ကိုးထပ်ဆောင် တစ်ခုနှင့် CT အဆောက်အအုံသစ် ဆောက်လုပ် သွားရန် ရှိသည်ဟု အဆိုပါ ဆေးရုံမှ တာဝန်ရှိသူ ဆရာဝန် တစ်ဦးက ပြောပြသည်။

ကလေးဆေးရုံဝင်း အတွင်း အဆောင်သစ် ဆောက်လုပ်ခြင်းဖြင့် ယခုထက် ပို၍ ချောင်ချိစွာ နေထိုင်နိုင်မည် ဖြစ်ပြီး လက်ရှိတွင် အနယ်နယ် အရပ်ရပ်မှ ကလေးလူနာ များနှင့် လူနာစောင့် များကို ဆေးရုံဝင်း အတွင်း ကော်ရစ်တာ တစ်လျှောက်တွင် နေရာယူ ထားသည်များ ခွင့်ပြု ပေးထားရသည် ကို တွေ့ရသည်။

ဆေးရုံဝင်းအတွင်း ကားပါကင် နေရာ မြေကွက်အကျယ် ပေ(၁ဝဝx ၁၂ဝ) တွင် ကိုးထပ် အဆောက်အအုံ ဆောက်လုပ်ရန် လျာထားပြီး CT အဆောက်အအုံ အတွက် နိုင်ငံတော်မှ ပံ့ပိုးငွေကျပ် သိန်း ၅ဝဝ ချထားပေးပြီး တိုင်းဒေသကြီး ဆောက်လုပ်ရေး အထူးအဖွဲ့(၆) မှ ယခုလအတွင်း စတင် တည်ဆောက် သွားမည်ဟု သိရသည်။

ကိုးထပ် အဆောက်အအုံ အတွက် နိုင်ငံတော်မှ ဘတ်ဂျက်ဖြင့် တည်ဆောက်နိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားပြီး အဆောက်အအုံ တိုးချဲ့နိုင်လျှင်လည်း ခုတင် ၅၅ဝ ဆံ့အဖြစ် ဆက်လက် လုပ်ကိုင် သွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...