Social Icons

Pages

Wednesday, September 16, 2015

ကြော်ငြာလုပ်ငန်း လုပ်ကိုင်သူများ၏ အဓိကပစ်မှတ်မှာ ကန်ထရိုက်တိုက်များ ဖြစ်လာ


ရန်ကုန် ၊ ၁၆-၉-၂၀၁၅

စားသောက်ကုန် ပစ္စည်းများနှင့် လူသုံးကုန် ပစ္စည်းများကို ကြော်ငြာသည့် လုပ်ငန်း လုပ်ကိုင် သူများသည် မော်တော်ယာဉ် များပေါ်တွင် ကြော်ငြာသည့် လုပ်ငန်းများကို လျှော့ချလိုက်ပြီး အဓိက ပစ်မှတ်မှာ ကန်ထရိုက် တိုက်များ ဖြစ်လာကာ ကြော်ငြာခ နှုန်းထားများ မှာလည်း ထက်ဝက်ခန့် မြင့်တက် လာကြောင်း ကုန်ပစ္စည်း ကြော်ငြာ လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

ကန်ထရိုက်တိုက် များ၏ နံရံများတွင် ကုန်ပစ္စည်း တံဆိပ်များကို ကြော်ငြာလို သူများ အနေဖြင့် ယခင်က မြေရှင်များနှင့် ညှိနှိုင်းပြီး နှစ်စဉ် တိုက်နံရံ ဆေးသုတ်ခြင်း များနှင့် ထုတ်ကုန် ပစ္စည်းများကို နေထိုင်သူ များအား လက်ဆောင် ပေးခြင်းများ ကိုသာ ပြုလုပ် ကြသော်လည်း ယခုအခါ မြေရှင်များကို အပို ထပ်ဆောင်းငွေများ ပေးချေ လာကြောင်း သိရသည်။

တချို့သော မော်တော်ယာဉ် ပိုင်ရှင်များက မော်တော်ယာဉ် ၏ ကိုယ်ထည် များတွင် ကုန်ပစ္စည်း ကြော်ငြာ စတေကာ ကပ်နှိပ်ခြင်း များကို လက်ခံမှု နည်းပါး လာခြင်းကြောင့် ကြော်ငြာလုပ်ငန်း လုပ်ကိုင်သူ များက ကန်ထရိုက် တိုက်ဘေးနံရံ များ၌သာ ကြော်ငြာ လုပ်ငန်းများ လုပ်ကိုင် လာကြခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကန်ထရိုက် တိုက်ခန်းနံရံ များတွင် ကုန်ပစ္စည်း ကြော်ငြာ လိုသူများ အနေဖြင့် မြေပိုင်ရှင် များနှင့် ညှိနှိုင်းပြီး တိုက်နံရံ ဆေးသုတ်ခ အပြင် တစ်နှစ်လျှင် ကျပ် တစ်သိန်းကျော် အထိ ပေးချေ ရကြောင်း သိရသည်။

ထက်နေ

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...