Social Icons

Pages

Wednesday, August 19, 2015

ခန္ဓာကိုယ်မှ အဆီထုတ်လုပ်မှု ပိုသောဗီဇ (Gene) တွေ့ ရှိထား


ခန္ဓာကိုယ်မှ အဆီထုတ်လုပ်မှု ပိုသောဗီဇ (Gene) တွေ့ ရှိထား

ဒေါက်တာ သက်လွင် (ပြည်သူ့ကျန်းမာရေး)

သိပ္ပံပညာရှင် များသည် ပထမဆုံး အကြိမ်အဖြစ် ခန္ဓာကိုယ်မှ အဆီထုတ်လုပ်မှု ပိုသော ဗီဇ (Gene) တွေ့ရှိခြင်းမှ အဝလွန်ခြင်း ကြံဆ အားထုတ်မှု သော့ချက်ကို တွေ့ရှိရသည် ဟု ဆိုသည်။ အဝလွန်ခြင်း ပြဿနာသည် ကမ္ဘာ့ ကျန်းမာရေး ခြိမ်းခြောက်မှု တစ်ခုဖြစ်နေပြီး ယနေ့ အမေရိကန် ပြည်သူတို့ ခံစားနေကြ ရသည်။

၂ဝ၁၅ ခုနှစ် နှစ်ဦးပိုင်းတွင် ''ယနေ့ဆေးပညာ'' မဂ္ဂဇင်း၌ ပါသော သတင်းတစ်ပုဒ် တွင် အဝလွန်ခြင်း မြင့်တက်သော နိုင်ငံ၌ အမေရိကန် နိုင်ငံသား သုံးပုံနှစ်ပုံ ရှိသည်ဟု ဆိုသည်။ ရောဂါ ထိန်းချုပ်ရေး နှင့် ကြိုတင် ကာကွယ်ရေး ဗဟို (CDC) က အဝလွန်ရောဂါ ကုသရန် နှစ်စဉ် ကျခံသည့် ငွေသည် အမေရိကန် ဒေါ်လာ ၄၇၂၁ဝ ဘီလီယံ ရှိသည်ဟု သိရသည်။

အဝလွန် စေသော အကြောင်းအရင်း များနှင့် ပတ်သက်၍ တိုင်ပင်နှီးနှောရေး အတွက် အလွန် များပြားလာရာ အဝလွန်ခြင်း အပေါ် ပါဝင်ပတ်သက် နေသည့် သဘာဝ အချက်အလက်များ ရရှိထား ကြသည်။ လေ့လာမှု အသစ်ကို အဝလွန်ခြင်း ဆေးပညာဂျာနယ် တွင်ပုံနှိပ်ဖော်ပြ ထားရာ အဝလွန်ဗီဇ နှင့် ဆက်စပ်မှု ရှိနေသည်။ သိပ္ပံပညာရှင် များသည် လူတို့၏ ဗီဇ (Gene) များကို နေရာ ၁ဝဝ ကျော်တွင် ကြည့်ရှုခဲ့ကြရာ အဝလွန်ခြင်း ဖြစ်ပေါ်စေသော ဗီဇ (Gene) ပါဝင် ပတ်သက်မှု တွေ့ရှိထားကာ ယင်းတို့သည် အမြဲ ဆာလောင်နေပြီး ခန္ဓာကိုယ်အနှံ့ အဆီပိုများ စုဆောင်းမိ စေသည်ဟု ဆိုသည်။

ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာ တက္ကသိုလ်မှ သုတေသီ ခေါင်းဆောင် Dr Gareth Lim က မိသားစု ပရိုတိန်း (၁၄-၃-၃ ဇီတာ) (14-3-3 Zeta) ကို လေ့လာခဲ့ရာ ယင်းတို့အထဲ၌ အဝလွန် မကျန်းမာသော အဆီဆဲလ်များ စုပုံနေသည်ဟု ရှင်းပြ ခဲ့သည်။ အဖြူရောင် အဆီတစ်သျှူး သို့မဟုတ် အဖြူရောင် အဆီက အဆီပိုများ အဖြစ် အဝလွန်ခြင်း ဖြစ်ပေါ် စေကြောင်း မိရိုးဖလာ သိရှိထားကြရာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကယ်လိုရီ မြင့်တက်ခြင်း၊ အဆီ စုဆောင်းခြင်း၊ အပူစွမ်းအင် ဖြစ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...