Social Icons

Pages

Wednesday, August 19, 2015

အမျိုးသားပြတိုက် (ရန်ကုန်) ပြုပြင်မွမ်းမံခြင်း အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထား



ရန်ကုန် ၊ ၁၉-၈-၂ဝ၁၅

ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးရှိ အမျိုးသား ပြတိုက် (ရန်ကုန်) ကို ပြုပြင် မွမ်းမံခြင်း လုပ်ငန်းများ လုပ်ဆောင်ရန် ပုဂ္ဂလိက လုပ်ငန်းရှင် များအား ဖိတ်ခေါ် ထားကြောင်း သိရသည်။

အမျိုးသား ပြတိုက် (ရန်ကုန်) ရှိ သဘာဝ သမိုင်းပြခန်း အား ပြန်လည် ခင်းကျင်းခြင်း၊ အလျားပေ ၁၂ဝ ၊ အနံပေ ၁၁ဝ ရှိသော ပြခန်းဆောင် အတွင်းနံရံများ ဆေးသုတ်ခြင်း၊ ဗုဒ္ဓ အနုပညာပြခန်း ပြန်လည် ခင်းကျင်းခြင်း၊ အာဆီယံ သုတပြခန်း ပြန်လည် ခင်းကျင်းခြင်း၊ မျက်နှာကြက်များ ပြုပြင်ခြင်း၊ လေအေး ပေးစက်များ တပ်ဆင်ခြင်း နှင့် အဆိုပါ ပြတိုက်ရှိ စီ-ဆောင် အမိုးအား ပြန်လည် ပြုပြင်ခြင်း အစရှိသော လုပ်ငန်းများ ကို ပုဂ္ဂလိက လုပ်ငန်းရှင် များအား လုပ်ကိုင် ဆောင်ရွက်ရန် တင်ဒါ ခေါ်ယူခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြုပြင် မွမ်းမံခြင်း လုပ်ငန်းများကို စိတ်ပါ ဝင်စားသော လုပ်ငန်းရှင်များ အနေဖြင့် သြဂုတ် ၃၁ ရက် နောက်ဆုံးထားပြီး ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ရုံးချုပ်) တွင် အိတ်ဖွင့် တင်ဒါများတင်သွင်း နိုင်ကြောင်း သိရသည်။

ထို့အပြင် လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိသော လုပ်ငန်းရှင်များ စာရင်းကို စက်တင်ဘာ ၇ ရက်တွင် အမျိုးသား ပြတိုက် (နေပြည်တော်) ၌ ကြေညာ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားပြတိုက် (ရန်ကုန်) သို့ နိုင်ငံတကာမှ နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဝင်ရောက် လေ့လာမှု တိုးမြင့် လာသည့်အတွက် အဆင့်မြှင့်တင် ပြုပြင် ဆောင်ရွက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ထိုကဲ့သို့ အမျိုးသား ပြတိုက် (ရန်ကုန်) အား ပြုပြင် မွမ်းမံခြင်း လုပ်ငန်းများ လုပ်ဆောင်ရာတွင် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ယခု ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုဆောင်း (ဥက္ကလာ)

မြဝတီနေ့စဉ် ၊ စာ(၃ဝ)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...