Social Icons

Pages

Tuesday, August 18, 2015

၂၀၁၆ ခုနှစ်မှစတင်၍ ပြည်တွင် ကန်ထရိုက်ကုမ္ပဏီ များအား အဆင့်သတ်မှတ်မည်



ရန်ကုန် ၊ ၁၈-၈-၂၀၁၅

၂ဝ၁၆ ခုနှစ်မှ စတင်၍ ပြည်တွင်း ကန်ထရိုက် ကုမ္ပဏီများအား အဆင့် သတ်မှတ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီမှ သိရသည်။

''ကောင်စီအနေနဲ့ နိုင်ငံခြား ကုမ္ပဏီတွေ အများပိုင် ကုမ္ပဏီတွေကို ကိုင်တွယ် နေပါတယ်။ နှစ်ကုန်ပြီး ရင်တော့ ပြည်တွင်း ကုမ္ပဏီတွေ ကိုပါ အဆင့်ခွဲခြား သတ်မှတ်သွားဖို့ ရှိပါတယ်။ ကန်ထရိုက် ကုမ္ပဏီတွေရဲ့ ငွေကြေး အင်အား၊ အင်ဂျင်နီယာ အင်အား၊ အတွေ့အကြုံ အင်အားနဲ့ စာရင်းဇယား အင်အား ဒီလို အချက်တွေ ပေါ်မူတည် ပြီးတော့ အေ ဘီ စီ ဆိုပြီး အဆင့်ခွဲခြား သွားမှာပါ'' ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီမှ အထွေထွေ အတွင်းရေးမှူး ဒေါ်စီသန်း က ပြောသည်။

အဆိုပါ ကန်ထရိုက် များအား အဆင့် သတ်မှတ်ရန် သက်ဆိုင်ရာ ဌာနများသို့ စာတင်ရန် ပြုလုပ်နေကြောင်း၊ ၄င်းအပြင် ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ် နေသည့် ကန်ထရိုက် များနှင့် ပတ်သက်၍ ကောင်စီ ဥပဒေလည်း ထွက်ရှိပြီ ဖြစ်ကြောင်း နှင့် အဆိုပါ ဥပဒေအား လိုက်နာ ဆောင်ရွက်ခြင်း မရှိသည့် ကန်ထရိုက် များကိုလည်း ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ ကန်ထရိုက် ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ ဆောင်ရွက်လျက် ရှိပြီး စည်ပင် သာယာရေး ကော်မတီမှ ခွင့်ပြုချက် မရရှိဘဲ အဆောက်အအုံ ဆောက်လုပ်သည့် ကန်ထရိုက် ၂ဝဝဝ နီးပါး ကိုလည်း တရားစွဲဆို ထားကြောင်း သိရသည်။

ချမ်းချမ်းကို

မြဝတီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...