Social Icons

Pages

Thursday, August 13, 2015

ဗိုလ်ချုပ်ဈေးသစ် နှင့် လဟာပြင်ဈေး နေရာ ဆောက်လုပ်ရေး စီမံကိန်း ကို ၂၀၂၀ ပြည့်နှစ်မတိုင်မီ အပြီး တည်ဆောက်နိုင်ရန် ရည်မှန်းထား


ရန်ကုန် ၊ ၁၃-၈-၂၀၁၅

ဟိုတယ်၊ ဈေးဝယ်စင်တာ နှင့် ရုံးခန်းများ ပါဝင်သော ဗိုလ်ချုပ်ဈေးသစ် နှင့် လဟာပြင်ဈေး နေရာ ဆောက်လုပ်ရေး စီမံကိန်းကို ၂ဝ၂ဝ ပြည့်နှစ် မတိုင်မီ အပြီး တည်ဆောက် နိုင်ရန် ရည်မှန်း ထားကြောင်း ရွှေတောင် ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် ဦးအောင်ဇော်နိုင် က ပြောသည်။

အဆိုပါ စီမံကိန်းကို ရွှေတောင် ကုမ္ပဏီ နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီတို့ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ပြီး စီမံကိန်း နေရာသည် ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ် လဟာပြင်ဈေး နှင့် ဗိုလ်ချုပ်ဈေးသစ် နေရာ၌ ဆောက်လုပ်ခြင်း ဖြစ်ကာ အဆိုပါ စီမံကိန်းကို ၂ဝ၁၃ ခုနှစ် နှစ်ကုန်တွင် စတင် တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ဈေးသစ် နှင့် လဟာပြင်ဈေး နေရာတွင် ရွှေတောင် ကုမ္ပဏီမှ ၃၂ ထပ် အမြင့်ရှိ Hotel ၊ ၂၈ ထပ်အမြင့်ရှိ Office နှင့် ၃၄ ထပ်အမြင့်ရှိ Residential Twin Tower နှစ်လုံးအပြင် Shopping Mall များပါ ထည့်သွင်း တည်ဆောက်မည် ဖြစ်သည်။ ပထမအဆင့်ကို ၂ဝ၁၆ ခုနှစ် နှစ်ကုန်တွင် အပြီး တည်ဆောက် သွားမည်ဖြစ်ပြီး စီမံကိန်း တစ်ခုလုံးကို ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီး တည်ဆောက် သွားမည် ဖြစ်သည်။

ယင်း စီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ၅၁ ဒသမ ၆၃ ရာခိုင်နှုန်းနှင့် ရွှေတောင် ကုမ္ပဏီမှ ၄၈ ဒသမ ၃၇ ရာခိုင်နှုန်းဖြင့် အကျိုးအမြတ် ကိုခွဲဝေမည် ဖြစ်ပြီး ယင်း စီမံကိန်း အတွက် ခန့်မှန်းငွေ ကျပ် ၂ဝဝ ဘီလီယံခန့် သုံးစွဲမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...