Social Icons

Pages

Monday, July 13, 2015

ကွန်ပျူတာဖြင့် စာကြည့်တိုက် လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မည့် Library Information System လှူဒါန်းရန် စီစဉ်



ရန်ကုန် ၊ ၁၃-၇-၂၀၁၅

မြန်မာပြည် တစ်ဝန်းရှိ စာကြည့်တိုက် များ၌ ကွန်ပျူတာဖြင့် စာကြည့်တိုက် လုပ်ငန်းစဉ်များ ဆောင်ရွက် နိုင်မည့် စာကြည့်တိုက်သုံး Library Information System ကို လှူဒါန်းသွားရန် စီစဉ်လျက် ရှိကြောင်း GIM Software မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ စာကြည့်တိုက် လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မည့် စာကြည့်တိုက်သုံး Library Information System ကို Glorious Innovative Myanmar Software House (GIM Software House) မှ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး စာကြည့်တိုက် များတွင် လိုအပ်ပါက လှူဒါန်းသွားရန် ရည်ရွယ်၍ ရေးသားထားခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။

စာကြည့်တိုက်သုံး Library Information System တွင် စာအုပ်များကို အက္ခရာစဉ် အလိုက်၊ အမျိုးအစား အလိုက်၊ စာရေးသူ အလိုက်၊ ထုတ်ဝေသူ အလိုက် ခွဲခြားထည့်သွင်း ၍ စာအုပ်ထား ရှိရာ နေရာများကို သတ်မှတ်နိုင် သည့်အပြင် စာအုပ် အငှားစာရင်းကို အလွယ်တကူ ထည့်သွင်းနိုင်ကာ အငှားစာရင်း အလိုက် ပြန်လည်အပ်နှံ နိုင်ကြောင်း သိရသည်။ ထို့အပြင် စာကြည့်တိုက် တွင်ရှိသော စာအုပ် စာရင်းများနှင့် အရေအတွက်ကို ထည့်သွင်း ထားနိုင်ပြီး ပျက်စီး ပျောက်ဆုံးစာရင်း များရှိပါက လက်ရှိ စာအုပ် အရေအတွက်ဖြင့် ချက်ချင်း သိရှိနိုင်မည် ဖြစ်သည်။ ထို့အပြင် စာကြည့်တိုက် အလှူရှင် စာရင်းများနှင့် အဖွဲ့ဝင် စာရင်းများကို မှတ်သား ကြည့်ရှု နိုင်သည်။ ရက်လွန် စာအုပ်ငှားရမ်း ခြင်းကို အလွယ်တကူ သိနိုင်ရန်လည်း ဆောင်ရွက် ထားကြောင်း သိရသည်။

နေနေ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...