Social Icons

Pages

Thursday, July 16, 2015

ကျူးကျော် ဆောက်လုပ်ထားသော အဆောက်အအုံ များကို လမ်းမကြီးများ ဥပဒေအရ အရေးယူ ဆောင်ရွက်မည်



ရန်ကုန် ၊ ၁၆-၇-၂၀၁၅

ဆောက်လုပ်ရေး ၀န်ကြီးဌာန ၊ လမ်းဦးစီး ဌာနက လမ်းမကြီး များ၏ နယ်နိမိတ် သတ်မှတ်ချက် များကို ထုတ်ပြန် ကြေညာထားပြီး ဖြစ်၍ ကျူးကျော် ဆောက်လုပ် ထားသော အဆောက်အအုံ များကို လမ်းမကြီးများ ဥပဒေ အရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာနိုင်ငံသည် World Association အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်နေသဖြင့် အာဆီယံ ဒေသတွင်း နိုင်ငံများနည်းတူ ပြည်တွင်းရှိ လမ်းကြီး၊ လမ်းငယ် အသွယ်သွယ်ကို လမ်း အဆင့်အတန်းများ အဆင့်မီ စေရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ပြည်တွင်းရှိ လမ်းများ နိုင်ငံတကာ အဆင့်မီ အဆင့်မြင့် လာစေရန် အတွက် ကမ္ဘာ့နိုင်ငံများ နည်းတူ လမ်းနယ်နိမိတ်များ သတ်မှတ် လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ လမ်း နယ်နိမိတ်များ သတ်မှတ် ဆောင်ရွက် ရာတွင်လည်း Asia, Asean & GMS Road Standard And Class များနှင့်အညီ သတ်မှတ် လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ သတ်မှတ် ဆောင်ရွက်ရာတွင် လေးလမ်းသွားနှင့် အထက် အမြန် လမ်းမကြီးများ အတွက် လမ်း နယ်နိမိတ် အကျယ်ကို ပေ၄ဝဝ (၁၂၂မီတာ)၊ လေးလမ်းသွား နှင့် အထက် အထူး သတ်မှတ်လမ်းများ (Special Ring Road) များအတွက် လမ်း နယ်နိမိတ် အကျယ်ကို ပေ၃ဝဝ (၉၁ ဒသမ ၄၄ မီတာ)၊ လေးလမ်းသွား နှင့်အထက် နိုင်ငံတကာ လမ်းမကြီးများ အတွက် လမ်းနယ်နိမိတ် အကျယ်ကို ပေ၂၃ဝ (မီတာ ၇ဝ)၊ လေးလမ်းသွား ပြည်ထောင်စု လမ်းမကြီးများ အတွက် လမ်းနယ်နိမိတ် အကျယ် ပေ ၁၅ဝ (၄၅ ဒသမ ၇၅ မီတာ)၊ နှစ်လမ်းသွားမှ လေးလမ်းသွားထိ ပြည်နယ်နှင့် တိုင်းဒေသကြီး များကို ဆက်သွယ်သည့် လမ်းများအတွက် လမ်းနယ်နိမိတ် အကျယ် ပေ ၁၅ဝ (၄၅ ဒသမ ၇၅ မီတာ)၊ နှစ်လမ်းသွား ခရိုင်ချင်းဆက်၊ မြို့နယ်ချင်းဆက် လမ်းသွားအတွက် လမ်းနယ်နိမိတ် အကျယ်၊ ပေ ၁၅ဝ (၄၅ ဒသမ ၇၅ မီတာ)၊ တစ်လမ်းသွား မြို့နယ် ကျေးရွာများ ဆက်သွယ်သည့် လမ်းများအတွက် လမ်းနယ်နိမိတ် အကျယ်ပေ ၁ဝဝ(၃ဝ ဒသမ ၅ မီတာ) ဟူ၍ သတ်မှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ သတ်မှတ်ထားသော လမ်းနယ်နိမိတ် များအတွင်းသို့ ဆောက်လုပ်ရေး ၀န်ကြီးဌာန ၏ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိဘဲ ကျူးကျော် ဆောင်ရွက်မှု တစ်ရပ်ရပ်ကို ကျူးလွန်ပါက အမြန်လမ်းမကြီး ဥပဒေနှင့် လမ်းမကြီးများ ဥပဒေအရ အရေးယူခြင်း ခံရမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။

ထို့ပြင် မူလပေ ၁ဝဝ ရှိသော မြို့တွင်း၊ ရွာတွင်း လမ်းများအတွက် မူလ တည်ရှိနေသော မြို့ရွာ လမ်းမဘေး နေအိမ်ဝင်းခြံ များကို အရေးယူ ဆောင်ရွက်ခြင်း ပြုမည် မဟုတ်ဘဲ လမ်းမကြီးများ ဥပဒေကို ပြင်ဆင် ထားသည့် ဥပဒေအသစ်ကို ပြင်ဆင် ထုတ်ပြန်ခဲ့သည့် ၂ဝ၁၄ ခုနှစ် ဇူလိုင် ၂၄ ရက် နောက်ပိုင်း ကျူးကျော် ဆောက်လုပ် လာသော အဆောက်အအုံ များကိုသာ လမ်းမကြီးများ ဥပဒေအရ အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။(၃၃၆)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...